အမေရိကန် နှစ်ဦး နှင်ထုတ်ခံရ

E-mail Print
မြန်မာနိုင်ငံမှ ကြာသပတေးနေ့တွင် နှင်ထုတ်ခံရသည့် စာနယ်ဇင်း သင်တန်းဆရာ နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသားမှာ ၎င်းတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ပြောကြားလိုက်သည်။

“ဆောင်းပါး နဲ့ ဓာတ်ပုံပညာ အကြောင်း ပို့ချဖို့အတွက် မြန်မာပြည်ကို သွားတာပါ၊ ဇန်နဝါရီလတုန်းက လုပ်ခဲ့တဲ့ သင်တန်းတွေရဲ့ နောက်ဆက်တွဲ သင်တန်းတွေပါပဲ။ သင်တန်းတွေ လုပ်ဖို့ စိစစ်ရေးဌာနနဲ့ ရဲအထူးတပ်ဖွဲ့က ခွင့်ပြုချက် ပေးပြီးသား ဖြစ်ပါတယ်” ဟု ဓာတ်ပုံ သတင်းထောက် ဂျယ်ရီရက်ဖန်း (Jerry Redfern) နှင့် ဇနီး ဖြစ်သူ စာရေးဆရာမ ကာရင်ကုတ်စ် (Karen Coates) တို့ ယမန်နေ့က ထုတ်ပြန်သည့် စာတွင် ရေးသားထားသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရေကူးပြီးသွားတယ် ဆိုတဲ့ သူကို မသိပါဘူး၊ သူ့နဲ့ အဆက် အသွယ်လည်း မရှိပါဘူး” ဟု စာတွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှ ပြန်ခဲ့သည့် ဂျွန်ဝီလျံယက်တော ဟု အမည်ရသော အမေရိကန် နိုင်ငံသားတဦးကို ဗုဒ္ဓဟူးနေ့ နံနက်တွင် ဖမ်းဆီးလိုက်ကြောင်း အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။

ထိုနေ့ ညနေပိုင်း၌ မန္တလေးတွင် သင်တန်းပေးနေသော အဆိုပါ စာနယ်ဇင်းသမား နှစ်ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။ နောက်တနေ့ ညနေပိုင်းတွင် ရန်ကုန်မှ ဘန်ကောက်သို့ ထွက်ခွာသည့် လေယာဉ်ဖြင့် အပို့ခံရသည်ဟု သိရသည်။

၎င်းတို့ ပေးသည့် သင်တန်းများကို ရန်ကုန်မြို့ အမေရိကန် သံရုံးက ဖွင့်လှစ်ထားသော အမေရိကန်စင်တာ၏ အစီအစဉ်ဖြင့်  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးတွင် ပြုလုပ်သည့် သင်တန်းများ အပြီးတွင် ၎င်းတို့ တည်းခိုရာ ဟိုတယ်သို့ အာဏာပိုင် အယောက် ၂ဝ ကျော် ရောက်ရှိလာပြီး ဖမ်းဆီးခြင်း ဖြစ်သည် ဟု ဆိုသည်။ ဖမ်းဆီးပြီးနောက် နှိပ်စက်ခြင်း၊ မေးခွန်း ထုတ်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်းများ မခံကြရဟု စာတွင် ဖော်ပြထားသည်။ ဖမ်းဆီးသည့် အကြောင်းရင်းကို အာဏာပိုင်တို့က မပြောသော်လည်း နေပြည်တော်မှ လာသည့် အမိန့်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကိုသာ ရှင်းပြသည်ဟု ဆိုသည်။

သူတို့နှစ်ဦးကို နှင်ထုတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး အစိုးရ ချုပ်ကိုင်ထားသည့် စာနယ်ဇင်းများတွင် ဖော်ပြခြင်း မရှိသေးပေ။

၎င်းတို့ နှစ်ဦးသည် ဇန်နဝါရီလကလည်း မြန်မာနိုင်ငံတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် သင်တန်းများ ပို့ချခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ ထိုသင်တန်းများနှင့် ယခု ပြုလုပ်ခဲ့သည့် နောက်ဆက်တွဲ သင်တန်းများအတွက် အစိုးရထံမှ ခွင့်ပြုချက် ရထားပြီး ဖြစ်သည်ဟု စာတွင် ဖော်ပြထားသည်။

စာထဲတွင် မြန်မာနိုင်ငံသို့ ထပ်မံ သွားရောက်ခွင့် မရမည်ကို စိုးရိမ်ကြောင်း၊ ခရီးစဉ်အတွင်း သူတို့ နှစ်ဦးကို ကူညီခဲ့ကြသူများ အတွက်လည်း စိုးရိမ်ကြောင်း ရေးသားထားသည်။

မြန်မာပြည်သို့ ၄ ကြိမ် သွားရောက်ခဲ့ဖူးကြောင်း သင်တန်းဆရာ နှစ်ဦးက ဧရာဝတီကို ပြောပြသည်။

ရန်ကုန် နှင့် မန္တလေးရှိ သင်တန်းများ အနှောင့်အယှက် မရှိ ပြီးစီးသွားမှသာ ၎င်းတို့နှစ်ဦးကို အာဏာပိုင်တို့က နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်