ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

E-mail Print
စစ်အစိုးရက ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်အား တရားရင်ဆိုင်ရန် မေလ ၁၈ ရက်နေ့သို့ ရက်ချိန်း သတ်မှတ် လိုက်ကြောင်း သိရသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ယနေ့နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာ နေအိမ်မှ ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ အမှုရင်ဆိုင်ရန် ရက်ချိန်းပေး စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း AFP သတင်း တရပ်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ အမျိုးသမီးတို့ကို ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း ရှေ့နေ ဦးလှမျိုးမြင့်ကလည်း သတင်းထောက်များသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရား စွဲဆိုရန် စစ်အာဏာပိုင်များက ယနေ့ နံနက်တွင် ခေါ်ဆောင်သွားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယင်းသို့ ရုံးတင်တရားစွဲဆိုရန် အတွက် ယနေ့နံက် ၇ နာရီတွင် ခေါ်ယူရန် အစီအစဉ်ကို အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ဒီနေ့တရားရုံးကို အမှုတင်ပါမယ်၊ အင်းစိန်ထောင်တွင်းထဲမှာ တင်မယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယနေ့နံနက် ၉ နာရီ ၀န်းကျင်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ၂ ဦးအား အင်းစိန်ထောင်သို့ အာဏာပိုင်များက ခေါ်ဆောင်လာသည်ကို တွေ့မြင်ရကြောင်းနှင့် NLD အဖွဲ့ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးအောင်သိန်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေ ဦးလှမျိုးမြင့်တို့လည်း အင်းစိန်ထောင်သို့ ရောက်ရှိနေကြောင်း အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အိမ်တွင် အတူနေသူ အမျိုးသမီး ၂ ဦးကို ယနေ့နံက်က အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခြင်းမှာ အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူ ကိစ္စနှင့် ပတ်သက်ပြီး တရားစွဲဆိုရန် ဖြစ်သည်ဟု ကြားသိရကြောင်း  NLD အဖွဲ့ဝင် တဦးကလည်း ပြောဆိုသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw) သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယ အတွင်းဝန် (ကောင်စစ်ဝန်) Mr. Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေ ရိပ်သာ၌ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ရာ ယခုလ ၁ ရက်နေ့က ယင်း အယူခံလွှာကို စစ်အာဏာပိုင်များက ပယ်ချခဲ့သည်။   

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀ (ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီ မညီ၊ အရေးယူထားသည့် ကာလမှာ ဥပဒေနှင့် ညီ မညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

NLD ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဟံသာမြင့်က စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ရန် မျှော်လင့်မထားကြောင်းနှင့် ယခုကဲ့သို့ ရုံးတင်တရားစွဲဆိုမည့် အစီအစဉ် အထိဖြစ်လာမည်ကိုလည်း ထင်မြင် မထားကြောင်း ပြောဆိုသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်