အာဆီယံဥက္ကဌ ကြေညာချက် နအဖ ကန့်ကွက်

E-mail Print
အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန် ယူထားသော ထိုင်းနိုင်ငံ၏ “ဒေါ်အောင်ဆန်း စုကြည်အား ချက်ချင်းလွှတ်ပေးရန်” ဟူသည့် ထုတ်ပြန်ချက်ကို မြန်မာစစ်အစိုးရက အလေးအနက် ကန့်ကွက်ကြောင်း ယနေ့ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မေလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သော အာဆီယံ ဥက္ကဌ၏ ကြေညာချက်ကို ဥရောပကော်မရှင်က ချီးကျူးခဲ့ပြီး နောက် မြန်မာစစ်အစိုးရက ယခုကဲ့သို့သော ကန့်ကွက်စာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုကန့်ကွက်စာတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော အင်းလျားကန်မှတဆင့် ရေကူး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရက ဒေါ်အောင်ဆန်း စုကြည်အား ဥပဒေနှင့် အညီ မလွှဲမရှောင်သာ အမှုဖွင့် တရားစွဲဆိုရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ အရေးယူရခြင်းမှာ နိုင်ငံတိုင်းတွင် သမားရိုးကျ ဆောင်ရွက်လေ့ ရှိကြသည့် ပြည်တွင်းဥပဒေ ကျင့်သုံးမှု တရပ်သာ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်ပါသည်။ သို့ပါ၍ ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌ အနေဖြင့် ကြေညာချက်သည် အာဆီယံ ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းကို သွေဖည်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်ပါ သည်” ဟု စစ်အစိုးရ၏ ကန့်ကွက်စာတွင် ပါရှိသည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ ကြေညာချက်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးကာ နိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောတူညီချက်ယူထားခြင်း မရှိသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း မကောင်းသော အစဉ်အလာတရပ်ကို ဖြစ်ပေါ်ရာ ရောက်သည်ဟုလည်း ဆိုထားသည်။

အာဆီယံဥက္ကဌဖြစ်သော ထိုင်းနိုင်ငံက “ဒေါ်အောင်ဆန်းစုကြည်အား အရေးယူခြင်းအတွက် ၎င်း၏ ကျန်းမာ ရေးအခြေအနေကိုလည်း စိုးရိမ်မိကြောင်း” ဟူ၍ ၎င်း၏ ကြေညာချက်တွင် ရေးထားသည့် အချက်ကို မြန်မာ အစိုးရက “ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် ရရှိပြီး ကျန်းမာလျှက် ရှိနေသည်” ဟု ပြန်လည် ဖော်ပြထားသည်။

 “အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ထုတ်ပြန် ကြေညာချက်ကို အလေးအနက် ကန့်ကွက်ပါသည်” ဟူ၍ ယနေ့ထုတ် မြန်မာစစ်အစိုးရ၏ သတင်းစာကဆိုသည်။

မေလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်သော ထိုင်းနိုင်ငံ၏ ကြေညာချက်တွင် “ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန်” တို့ကို တောင်းဆိုထားသည်။  

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မစ္စတာ ယက်ထော ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှုဆင် တရားစွဲဆိုခဲ့ရာ အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးက ၂ ပတ်အတွင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အမှုနှင့်ပတ်သက်၍ ၎င်းတွင် အပြစ်မရှိကြောင်း သောကြာနေ့ တရားခွင်တွင် ပြောဆိုခဲ့သည်။ ယခုတပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ၏ လျှောက်လဲချက်ကို ကြား နာမည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်