ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရခြင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်များ၏ အမြင်

E-mail Print
အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ဆိုသူ နေအိမ်သို့ ရေကူးဝင်ရောက် ခဲ့မှုနှင့် ပတ်သက်၍ စစ်အစိုးရ က ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုခြင်း အပေါ် တိုင်းရင်းသား ခေါင်းဆောင်များ၏  အမြင်သဘောထားကို ဧရာဝတီက မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

ဦးအေးသာအောင်
အတွင်းရေးမှူး
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်

အဓိကကတော့ လက်ရှိအာဏာကိုရယူထားတဲ့ စစ်အစိုးရဟာ တနည်းအာဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ သွားဖို့ ၊ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို လုံးဝ လျစ်လျူရှု ပြီးတော့ သူသွားလိုတဲ့လမ်းပေါ့ Road Map လို့ခေါ်တဲ့ လမ်းကြောင်းအတိုင်းပဲ တဖက်သတ် သွားတော့မယ်၊ အဲဒီလို သွားတဲ့ နေရာမှာလည်း ပဲ သူတို့အမြင်မှာ ဒီလမ်းမှာအနှောင့်အယှက်ပေးမယ့် မင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို တနည်းအားဖြင့်တော့ မလွှတ်ချင်ဘဲနဲ့ ထောင်ထဲမှာ သူတို့လိုချင်တဲ့ အတိုင်းအတာအထိ ထားဖို့ ရည်ရွယ် ချက်နဲ့ အခုလို စွပ်စွဲပြီးတော့ ရုံးတင်စစ်ဆေးနေတယ် လို့မြင်ပါတယ်။

ထောင်ချမယ်ဆိုတာ မြင်နေရပါတယ်၊ သက်သေထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ အရင် ကျောင်း သား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ဒီအတိုင်း ထောင်ချခဲ့တာပဲလေ။

အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြင်မှာ မထားချင်ဘူးလေ။ မလွှတ်ချင်ဘူးလေ။ ဒါကြောင့်မို့  ပုဒ်မ တပ်ပြီး ဆက်ပြီးတော့ ထောင်ချမယ့် သဘောရှိပါတယ်။ ဒါကတော့ တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စပါ။ နိုင်ငံတော်မှာ ယာယီပဲ ဖြစ်ဖြစ် တနည်းနည်းနဲ့ပဲ ဖြစ်ဖြစ် အာဏာရယူထားတဲ့ အစိုးရတရပ်က မတော်မတရားရား စွပ်စွဲပြီးတော့ အရေးယူဖို့ ပြင်ဆင်တယ် ဆိုတာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တခုလို့ မြင်ပါတယ်။

ဦးဂေါ်ရီ ဇော်ဆိုင်း
ဒု ဥက္ကဌ ( ၁ )
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)

ကျနော်တို့ အနေနဲ့ အကြောင်းအရာ တိုက်ရိုက် မသိရသေးတော့ မပြောနိုင်သေးပါဘူး ခင်ဗျ။ ကျနော်တို့ ကတော့ အခြေအနေ စုံစုံလင်လင် ဘာမှမသိရတဲ့အတွက် ဘာမှပြောဖို့မရှိဘူး။ သူတို့က ဥပဒေနဲ့ဘာနဲ့ ပြောနေတယ်။ ကျနော်တို့က အတိအကျ မသိရတဲ့အတွက် ကျနော်တို့ ပြောဖို့မရှိဘူး ခင်ဗျ။

ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ကျနော်တို့ကလည်း သတင်းကြားရတော့က စိတ်တော့ မကောင်းဘူး၊ ဒီလောက်ပဲ ကျနော်တို့က ပြောနိုင်တယ်ဗျ။ ကြားရတဲ့ သတင်းဆိုရင်တော့ အားလုံးနဲ့ အတူတူပဲ၊ ကျနော် တို့လည်း စိတ်မကောင်းဘူးလေ။

နိုင်ငွေသိမ်း
ဒု ဥက္ကဌ ( ၁ )
မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF)

အခုလုပ်တဲ့ ကိစ္စတွေက ကျနော်တို့ မြန်မာပြည်မှာက တရားဥပဒေမရှိဘူးလို့ ပြောလို့ရတယ်၊ နဝတ လက် ထက်ကတည်းက ကျနော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။

အကြံပြုချင်တာက ကျနော်တို့ ဒီမိုကရေစီ အင်အားစု အားလုံးက ညီညွတ်ဖို့လိုပါတယ်။ ဒီမိုကရေစီ ပန်းတိုင် ကို ငြိမ်းချမ်းစွာ သွားနိုင်ဖို့ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးက ညီညွတ်မှုရှိဖို့လိုပါတယ်။

တိုင်းရင်းသားအားလုံးက တာဝန်ကြီးပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ လက်နက်ကိုင်တဲ့ လူတွေလည်း ရှိပါ တယ်။ ကျနော်တို့က လက်နက်မရှိတဲ့ လူတွေပေါ့နော်။ အဲဒီလူတွေ အားလုံးက ညီညွတ်မှု ရှိဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။

နော်စီဖိုးရာစိန်
အထွေထွေ အတွင်းရေးမှူး
ကရင် အမျိုးသား အစည်းအရုံး(KNU)  

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိပါဘူး။ နအဖ စစ်အစိုးရက အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ၁၃ နှစ် ကျော် ကြာအောင် ဖမ်းဆီးထိန်းသိမ်းထားတာဟာ နအဖကသာ ပြစ်မှု တခု ကျုးလွန်နေတာလို့ မြင်ပါတယ်။

ဒါကြောင့်မို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရကို သုံးပွင့်ဆိုင် စကားပြောဖို့ရန် ဖိအားပေး တိုက်တွန်းဖို့လိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့လည်း ဒီထက် ပိုအရေးယူဖို့ တောင်းဆိုပါတယ်။

 

ဦးမဟော် ခွန်ဆာ
အထွေထွေအတွင်းရေးမှူး
တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ)

ကျနော့်အမြင်ကတော့ ဒေါ်စုကို ပြန်မလွှတ်ပေးချင်လို့ အခုလို အကြောင်းမရှိ အကြောင်းရှာပြီးတော့ ဖမ်းဆီး  ထိန်းသိမ်း တရားစွဲဆိုထားတယ်လို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာမိတ် အင်အားစု ၇ ဖွဲ့ ပေါင်းပြီး ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အခုတော့  တရားစွဲဆိုတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်စောင့်ကြည့်နေပါတယ်။  

ဧရာဝတီ သတင်းထောက် အေးလဲ့ စုစည်းသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်