ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ ပြန်လှန်စစ်မေးခွင့်ရ

E-mail Print
အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ဆိုသူ နေအိမ်သို့ ရေကူး ဝင်ရောက်မှုနှင့် တရားစွဲဆို ခံထားရသော ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများက ယနေ့တွင် အစိုးရ တရားလိုပြ သက်သေများကို ပြန်လှန်မေးခွန်းများဖြင့် မေးမြန်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။

ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဒု ရဲမှူးကြီး ဇော်မင်းအောင် ၊ ဒု ရဲမှူး စကျော်ဝင်း ၊ ဗဟန်းမြို့ နယ်မှူးနှင့် တခြားတဦးကို ပြန်လှန်မေးခွန်း မေးမြန်း စစ်ဆေးခြင်းပြုလုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောသည်။  

“ဒီနေ့ ကျနော်တို့ အဓိက ပြန်လှန်မေးခွန်းလုပ်တာက အခု စွပ်စွဲထားတဲ့ ပုဒ်မ အရ စည်းကမ်းချက်တွေထဲမှာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြုလုပ်ဆောင်ရွက်မှုက အကြုံး မဝင်ကြောင်းကို ကျနော်တို့ ပြန်လှန်မေးခွန်း Cross လုပ်တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

အစိုးရတရားလိုပြ သက်သေ ၅ ဦးကို ပြန်လှန်မေးခွန်း စစ်မေးရန် ခေါ်ထားသော်လည်း တဦးကိုပယ်လိုက်ပြီး ၄ ဦးကိုသာ စစ်မေးခဲ့ကြောင်းနှင့် မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် မစ္စတာ ယက်ထောတို့ကို စစ်မေးမည်ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။

အစိုးရဘက်က တရားလိုပြသက်သေ စာရင်း စတင်ရာတွင်၂၂ ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အမှုကို စွဲချက် တင်ရန် တရားရုံးက ဆုံးဖြတ်ချက်ချမည့် နေ့တွင် နောက်တိုး ဒု ရဲမှူးကြီး ဝင်းနိုင်ထွန်း အပါအဝင် ၂၃ ဦး ဖြစ်ခဲ့ သည်။ ၎င်းတို့အထဲမှ ပြီးခဲ့သည့်အပတ်အတွင်း ၁၃ ဦးကို စစ်ခဲ့သည်ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

လက်ရှိအခြေအနေအရ တရားခွင်သည် အများပြည်သူ ကြားနာခွင့်မရှိသော တရားခွင် ဖြစ်နေသည့်အတွက် ကျေနပ်မရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်