ဒေါ်အောင်ဆန်းစုကြည် လွှတ်ရေး တောင်အာဖရိက တောင်းဆို

E-mail Print
ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်အာဖရိကနိုင်ငံ ဒု နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်မ် (Mr Ebrahim) က ယမန်နေ့က တောင်းဆိုလိုက်သည်။  

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အဆိုပါ ဒု နိုင်ငံခြားရေး ၀န်ကြီး အီဘရာဟင်မ်က တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်ဦးလွင်ကို ယမန်နေ့က ဖိတ်ခေါ်ဆွေးနွေးပြီး ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်တွင် တောင်အာဖရိက အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံဖမ်းဆီး ခံရမှုအပေါ် စိုးရိမ်မိကြောင်းနှင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ဖော်ပြထားသည်။   
 
ထို့အပြင် မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေး အတွက် ကြားဝင်ညှိနှိုင်းရန် တောင်အာဖရိက နိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့တဖွဲ့ကို စေလွှတ်ရန် တောင်းဆိုကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောင်အာဖရိက အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာသိန်းဝင်းက ယခုအချိန်တွင် နအဖကို အထောက်အကူ ပေးခဲ့သည့် တောင်အာဖရိက ကဲ့သို့သော နိုင်ငံက အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆောင်ရွက်လိုသည့် အပေါ် သဘောတူ သော်လည်း စောင့်ကြည့်ရဦးမည်ဟု ဧရာဝတီသို့ ပြောသည်။

“တောင်အာဖရိက အနေနဲ့ မြန်မာ့အရေးကို အစိုးရအနေနဲ့ ပြောဆိုနေတာတွေ တော်တော်လေး နည်းနေတဲ့ အချိန်ကနေပြီး နောက် အခု တွေ့ဆုံဆွေးနွေးရေး အတွက်ကိုပါ သူတို့ ကူညီမယ် ဆိုတဲ့အတွက် ကျနော်တို့က ဒါကို ကြိုဆိုပါတယ်။ သူတို့ (နအဖ) ကို အတိုင်းအတာ တခုအရ ကြိုးစားနားလည် ပေးနေတဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် အစဉ်အလာရှိတဲ့ နိုင်ငံမျိုးက ပြောလာတာ ဆိုရင်တော့ နအဖ အနေနဲ့လည်း စဉ်းစားရမယ်”ဟု ၎င်းက ဆိုသည်။

တောင်အာဖရိက နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အဆိုတင်သွင်းမှုများကို ဆန့်ကျင်ခဲ့သည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။  

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိပြီး အားလုံးပါဝင် နိုင်စေရန် စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်း စုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာအားလုံးသည် အစိုးရနှင့် အတိုက်ခံများကြား နိုင်ငံရေးအရ စေ့စပ်ဆွေးနွေး အဖြေရှာမှသာ ရမည်ဟု ထပ်မံတိုက်တွန်း လိုက်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်