တဦးတည်းသော သက်သေကို ကြားနာစစ်ဆေး

E-mail Print
တရားရင်ဆိုင် နေရသည့် ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တဦးတည်းသော သက်သေဖြစ်သူ NLD လပွတ္တာ အမတ် ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များသည် ပြစ်မှု မမြောက်ကြောင်း တရားရုံးတွင် ယနေ့ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက “အဓိက ထွက်ဆိုချက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဆက်လက်ချမှတ်ထားတဲ့ တားဆီးမိန့်မှာ ပါတဲ့ အခြားသို့ စာဖြင့်ဆက်သွယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို သူက အခြားသို့ ဆိုတာ အရေးယူခံရတဲ့ ပုဂ္ဂိုလ်ကနေ တခြားသို့ ဆက်သွယ်တာ၊ တခြားကနေ အရေးယူခံရတဲ့ လူဆီ ဆက်သွယ်တာ မပါဘူး၊ ဒါဟာ ဥပဒေကို ဖတ်လို့ရှိရင် ကိုယ်နေ့စဉ်သုံး အဓိပ္ပာယ် အတိုင်းပဲ ယူရမယ်၊ ချဲ့ထွင်ပြီး ယူလို့မရပါဘူးလို့ သူကထွက်ဆိုပါတယ်”ဟု  ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တားဆီးမိန့်ချိုးဖောက်မှု ဥပဒေ ပုဒ်မများသည် ၁၉၇၄ ခုနှစ် ဆိုရှယ် လစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံထားသည့် ဥပဒေ ပုဒ်မများဖြစ်သောကြောင့် ပြစ်မှု မမြောက်ခြင်းဖြစ် ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်း ၁၉၇၄ ဖွဲစည်းပုံဥပဒေသည် တရားမဝင် ပျက်ပြယ်ပြီးဖြစ်သောကြောင့် ဖြစ်သည်ဟု ဦးကြည်ဝင်းက ထွက်ဆိုသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် တဦး လည်းဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၉၁ ခုနှစ်၌ နဝတ ဥက္ကဌက တော်လှန်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်းတခု၌ ၁၉၇၄ ခုနှစ်အခြေခံဥပဒေ မရှိတော့ဟု အတိအလင်းပြောကြားထားကြောင်း၊ ထို့အပြင် နဝတ ထုတ်ပြန်သည့် အမိန့်အမှတ် ၁/၉၀ မှလည်း ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမရှိကြောင်း စာပိုဒ် တပိုဒ်တွင် ဖော်ပြထားကြောင်း ဦးကြည်ဝင်းက ထောက်ပြထွက် ဆို သွားသည်ဟု လည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ကန့်သတ်တားဆီးမိန့်များမှာ ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားသော လူ့အခွင့်အရေး၊ လူတဦးချင်းစီ၏ အခွင့်အရေးများကို ၂၀၀၃ ခုနှစ်က ရုပ်သိမ်းထားသည့် ကန့်သတ်မိန့် ဖြစ်ကြောင်း သိရသည်။

“လက်ရှိစစ်အစိုးရက ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိတယ်လို့ပြောတယ်၊ ရှိလို့ အဲဒီအထဲက ဥပဒေတွေကို သုံး တယ်လို့ပြောတယ်၊ အခု လက်ရှိလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို အတည်ဖြစ်ပြီလို့ နအဖ ဥက္ကဌ ကိုယ် တိုင် လက်မှတ်ထိုးထုတ်ထားတယ်၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်၊ ဒီဥစ္စာဟာတဲ့ Constitutional Crisis ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်း မဟုတ်ဘူးတဲ့ ၊ ဒါပေမယ့် Crisis of Constitution ဖွဲ့စည်းပုံ ဥပဒေရဲ့ အကျပ်အတည်း ဖြစ်နေတယ်လို့ ကျနော့်ကို ပြောတယ်”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန်တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက် သေ ထွက်ဆိုရန် ခွင့်ပြုခဲ့ပြီး ယနေ့တွင် ကြားနာစစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။  

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့အရ ဆက်လက် တားဆီးရန် အစိုးရအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ဖြင့် စုစုပေါင်း (၄)နှစ် (၆)လ တားဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီး တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ (၅)နှစ် အထိ ဆက်လက် တား ဆီးမှုပြုလုပ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေအရ နောက်ထပ် (၆)လ ဆက်လက်တား ဆီးထားနိုင်ခွင့်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်း ပြောကြားချက်ကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်