အာဆီယံမှ မြန်မာကို ဆိုင်းငံ့သင့်ကြောင်း ဆန္ဒပြုသူများပြား

E-mail Print
ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် စွဲချက်တင်ထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့မှ ယာယီထုတ်ပယ် (ဆိုင်းငံ့) ရန် သင့်၊ မသင့်ကို ဧရာဝတီ အင်တာနက် သတင်းစာမျက်နှာတွင် ဆန္ဒမဲ ကောက်ခံ ထားရာ ယာယီထုတ်ပယ်သင့်သည် ဆိုသည့်ဘက်မှ တရက်အတွင်း မဲအရေအတွက် ၁၄၀၀ ကျော် (၉၁. ၄) ရာခိုင်နှုန်း ရရှိသည်။

ယာယီထုတ်ပယ်ရန် မသင့် ဆိုသည့်ဘက်တွင်မူ မဲအရေအတွက် ၁၃၀ ကျော် (၈. ၆) ရာခိုင်နှုန်း ရရှိထားသည်။

အကယ်၍ နအဖ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် ချမှတ်မည်ဆိုလျှင် အာဆီယံဦးဆောင် အဖွဲ့ဝင် နိုင်ငံ များဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင် နိုင်ငံတို့က အကယ်၍ နအဖ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် ချမှတ်မည်ဆိုလျှင် မြန်မာပြည်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ယာယီ ထုတ်ပယ်သင့်သည်ဟု အလေးအနက် ပြောဆိုကြောင်း အာဆီယံလွှတ်တော်အမတ်များ သတင်းရပ်ကွက်မှ ကြားသိရသည်။

ကျန်သည့် အာဆီယံလွှတ်တော်အမတ် ၁၀၀ ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးရေး အတွက် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးနှင့်အတူ ပူးပေါင်းပါဝင်တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။

စင်ပြိုင်အာဆီယံ အဖွဲ့ (အစိုးရမဟုတ်သော အဖွဲ့အစည်း) မှ ဒက်ဘီစတူးဟတ် က “ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် စွဲချက်တင်ထားတဲ့ နအဖ အစိုးရကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ်က ယာယီ ထုတ်ပယ်သင့် ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး မခင်ဥမ္မာက အာဆီယံအနေနှင့် အထူး ကိုယ်စားလှယ်အဖွဲ့ဖွဲ့ကာ နအဖနှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ရေးအတွက် ပြောဆိုရန် ပြည်ပရောက် မြန်မာ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းများ စုပေါင်းကာ တောင်းဆိုထားသည်ဟု ဆိုသည်။

“ကျမတို့အနေနဲ့ အာဆီယံလွှတ်တော်အမတ်တွေရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ကန့်ကွက် စရာ မရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝေင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲကျင်းပရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် စင်ကာပူပါလီမန်အမတ်တဦးဖြစ်သူ Mr Charles Chong ကလည်း မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအဖြစ်မှ ယာယီရပ်ဆိုင်းရန် တောင်းဆိုကြောင်း ပြောခဲ့သည်။

“အာဆီယံရဲ့သြဇာဟာ မြန်မာအစိုးရ အပေါ်သက်ရောက်မှုမရှိဘူးဆိုတော့ မြန်မာကို အာဆီယံ အဖွဲ့ဝင်အဖြစ် ကနေ ရပ်ဆိုင်းထားသင့်ပါတယ်”ဟု Mr Charles Chong က ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်