ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ILO ဖိအားပေး

E-mail Print
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ရန်၊ နိုင်ငံအနှံ့ လုပ်အားပေး ခိုင်းစေနေခြင်းကို ရပ်ဆိုင်းရန် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) ညီလာခံက မြန်မာ စစ်အစိုးရကို စနေနေ့တွင် တောင်းဆိုလိုက်သည်။

“မြန်မာပြည် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကို ထိန်းသိမ်းထားမှု စသည်တို့ အတွက် လွန်စွာ စိုးရိမ်မိသည်” ဟု ညီလာခံသို့ တက်ရောက်လာသူများက ပြောဆိုကြသည်။

လုပ်အားပေး ခိုင်းစေခြင်း ပပျောက်သွားရေး နှင့် ပတ်သက်ပြီး မြန်မာပြည်၏ တည်ဆဲ ဥပဒေ၊ အခြေခံ ဥပဒေသစ်တို့တွင် ထည့်သွင်း ပြဌာန်းပေးရမည်ဟုလည်း ILO ၏ အလုပ်သမား စံညွှန်းများ ဆိုင်ရာ ကော်မတီက တိုက်တွန်းလိုက်သည်။

စစ်အစိုးရ ကိုယ်စားလှယ်ကမူ အခြေခံ ဥပဒေသစ် လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ဝေဖန်ချက်များကို စစ်အစိုးရက လက်ခံမည် မဟုတ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က အခြေခံ ဥပဒေကို ထောက်ခံမဲ ပေးခဲ့ပြီး ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

လုပ်အားပေး ခိုင်းစေမှု အဆုံးသတ်ရေး ဆောင်ရွက်ချက်များကို ၂ ဆ တိုးပြီး လုပ်ကိုင်ရန် စင်္ကာပူနိုင်ငံကလည်း တိုက်တွန်း လိုက်ကြောင်း၊ သို့သော်လည်း ညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်အရေးကို မြှင့်တင်သူများ၊ မြန်မာပြည်အား Burma ဟု သုံးနှုန်းသူများကို စင်္ကာပူနိုင်ငံက ဝေဖန် ပြစ်တင်လိုက်ကြောင်း Reuters သတင်း တပုဒ်တွင် ရေးသားထားသည်။

ညီလာခံ တက်ရောက်သူများက ဆွေးနွေးရာတွင် လုပ်အားပေး တားဆီးမိန့်ကို လူသိ ထင်ရှား ထုတ်ပြန်ရန်၊ လုပ်အားပေးခိုင်းသူကို အရေးယူရန်၊ လုပ်အားပေးနှင့် ပတ်သက်ပြီး တိုင်ကြားသူများ၊ တိုင်ကြားရေးအတွက် ကူညီသူများအား ဟန့်တားနေခြင်းကို ရပ်တန့်ရန် တို့ကို စစ်အစိုးရအား ယခင်နှစ်များ နည်းတူ တိုက်တွန်းလိုက်သည်။

အလုပ်သမား ကိုယ်စားလှယ်များ တောင်းဆိုသည့် စစ်အစိုးရအား နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးသို့ ပို့ဆောင်ရေး နှင့် ပတ်သက်ပြီး အလုပ်သမား စံညွှန်းများ ဆိုင်ရာ ကော်မတီက ဆက်လက် ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ပေ။

ကုလသမဂ္ဂအဖွဲ့ခွဲ တခု ဖြစ်သော ILO ၏ ညီလာခံကို ယခုလ ၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်နေရာ
အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အစိုးရ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက် ဆွေးနွေးနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်