လေယာဉ် ပြေးလမ်းချော်မှု လေယာဉ်မှူးများ သတိပေးခံရ

E-mail Print
မြန်မာ့လေကြောင်း မှ ခရီးသည်တင် လေယာဉ်တစီး စစ်တွေလေဆိပ်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားပြီးနောက် ပို့ဆောင်ရေး ဒုဝန်ကြီးက မြန်မာ့လေကြောင်းမှ လေယာဉ် မှူးကြီးများနှင့် လေယာဉ်မှူးများ အားလုံးကို ဆင့်ခေါ်ပြီး လေယာဉ် ပျံသန်းရာတွင် မတော်တဆမှုများ မဖြစ်ပွားရန် အထူးဂရုစိုက်ကြရန်နှင့် ဖြစ်ပွားပါက လေယာဉ်မှူးကြီးများကို ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဟု သတိပေး ပြောဆိုကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင်က ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် အထူးအစည်းအဝေးတွင် ထိုကဲ့သို့ သတိပေးခြင်း ဖြစ်သည်ဟု မင်္ဂလာဒုံလေတ`ပ် အသိုင်းအ၀န်းမှ သိရှိရသည်။

မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီးများနှင့် လေယာဉ်မှူးများသည် လေယာဉ် ခရီးစဉ်များကို အထူးဂရုစိုက် ပျံသန်းကြရမည် ဖြစ်ပြီး အစိုးရအနေနှင့်ဆုံးရှုံးမှုများ မလိုလားကြောင်း၊ လေယာဉ်များ လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရေး အတွက် နေ့စဉ် မပျံသန်းမီ စစ်ဆေးခြင်းနှင့် ပျံသန်းပြီး စစ်ဆေးမှုများကို သာမန်စစ်ဆေးမှုမျိုး မဟုတ်ဘဲ လေယာဉ်များ ကြံ့ခိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည် ဟု ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင်က မှာကြားသည်ဟု ဆိုသည်။

“ရာသီဥတုကြောင့် ဒါမှမဟုတ် စက်ချို့ယွင်းမှုကြောင့် မဟုတ်ဘဲ မောင်းတဲ့သူ အမှားကြောင့် ခရီးသည်တင် လေယာဉ် မတော်တဆမှုဖြစ်လို့ လူသေရင် လေယာဉ်မှူး ထောင်ကျနိုင်တယ်၊ လူမသေရင် အလုပ်ပြုတ်၊ ရာထူးက အငြိမ်းစားပေး ခံရနိုင်တယ်”ဟု ရန်ကုန် မင်္ဂလာဒုံလေတပ်မှ အရာရှိတဦးက ပြောသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာသွားသော မြန်မာ့လေကြောင်း မှ ခရီးသည်တင် XY-ADW FOKKER 28 လေယာဉ်သည် စစ်တွေလေဆိပ်သို့ ဆင်းသက်စဉ် နံနက် ၈ နာရီ ၂၀ မိနစ်၌ ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို့ ထိုးကျကာ ပြေးလမ်းမှ ပေ ၂၀၀၀ ခန့်လွန်၍ လေယာဉ် ညာတောင်ပံနှင့် ဘီးများ ပြုတ်ထွက်ခြင်း အပါအ၀င် လေယာဉ်ပျံသန်း၍ မရနိုင်အောင် ပျက်စီးသွားပြီး တွဲဖက် လေယာဉ်မှူးတဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

ယင်း လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၆ ဦး၊ ခရီးသည် ၆၂ ဦး စုစုပေါင်း ၆၈ ဦးပါရှိပြီး တွဲဖက်လေယာဉ်မှူး ဦးစိုးရီ တဦးတည်းသာ နဖူးတွင် ဒဏ်ရာ အနည်းငယ် ရရှိကြောင်း၊ ကျန်အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက် ဒဏ်ရာ မရရှိကြောင်း ဇွန်လ ၇ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

ထိုမတော်တဆမှုကို မြန်မာ့လေကြောင်းက စစ်ဆေးနေပြီး ရာသီဥတုနှင့် စက်ချွတ်ယွင်းမှုကြောင့် မဟုတ်ဘဲ လေယာဉ်မှူး၏ အမှားကြောင့် ထိုဖြစ်ရပ်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိပါက ထိုလေယာဉ်မောင်းနှင်ခဲ့သူ လေယာဉ်မှူးကြီး တဦး အရေးယူခံရ နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။

မြန်မာ့လေကြောင်းသည် နှစ်ပေါင်း ၆၀ သက်တမ်းရင့် စစ်အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များကို ATR 72 လေယာဉ် ၂ စီး၊ FOKKER 28 လေယာဉ် ၃ စီး၊ FOKKER 27 လေယာဉ် ၇ စီး၊ ATR 42 လေယာဉ် ၁ စီး ဖြင့် ပြေးဆွဲနေပြီး လေယာဉ်အများစုမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသော လေယာဉ်များ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်