သန်းခေါင်ချိန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

E-mail Print
အင်းစိန်မြို့နယ် အတွင်းရှိ အာလိမ်ငါးဆင့် ဘုရားအနီးနှင့် ပြည်လမ်းမပေါ်၌ သန်းခေါင်ချိန် စစ်ရေးလေ့ကျင့်မှုများ ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်းစိန်မြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီးတဦးက“ည လူခြေ တိတ်ချိန် ၁၁ နာရီ ၁၂ နာရီ လောက်ကနေ မနက် ၂ ချက်တီးလောက်ထိ စစ်ရေးလေ့ကျင့် နေကြတာ ကြားနေရတယ်၊ ဘယ်တပ်ရင်းလဲတော့ မသိဘူး” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာချိန် မေလလယ်ပိုင်းမှစတင်၍ ရန်ကုန်မြို့ တွင်ယခင်ထက် လုံခြုံရေး တင်းကျပ်လျက် ရှိပြီး အင်းစိန်မြို့နယ်အတွင်းရှိ အာလိမ်ငါးဆင့် ဘုရားဝန်းအတွင်း၌လည်း ရဲတပ်ရင်းတရင်း တပ်စွဲလျက်ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာနတချို့မှ သိရသည်။

စစ်အစိုးရ အနေဖြင့် ရန်ကုန်မြို့ အတွင်း ယခုရက်ပိုင်း လုံခြုံရေးပိုမို တင်းကျပ်လျက်ရှိပြီး အင်းစိန်မြို့နယ် ထဲတွင် ဧည့်စာရင်း စစ်ဆေးမှုများ ရက်ခြားဆိုသလို ပြုလုပ်လာကြောင်း ဒေသခံတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ ၃ ဦးကို ပယ်ခဲ့ခြင်းအတွက် တိုင်းတရားရုံးတွင် အပြီးသတ်လျှောက်လဲချက် အမိန့်ချနေသည့် ဇွန် ၉ ရက်နေ့ကလည်း မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမ အနီးတဝိုက်၌ လုံထိန်းကား အစီး ၃၀ နီးပါး ချထားသည်ကို တွေ့မြင်ရသည်။

“အရင်ကဆိုရင် လက်နက်ကိုင်တပ်တွေကို မြင်ချင်တိုင်းမမြင်ရဘူး၊ ၂၀၀၇ စက်တင်ဘာ နောက်ပိုင်းမှာ နေရာအနှံ့ တွေ့လာရတယ်၊ ၈၈ အနှစ် ၂၀ ပြည့်တို့၊ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တို့မှာ ပိုပြီး အင်အားများများ ချထားတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တဦးကဆိုသည်။

ယခုကဲ့သို့ ရန်ကုန်မြို့လယ်တွင် လက်နက်ကိုင် တပ်များကို ချထားခြင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထားသည့် အကျဉ်းထောင်ရှိရာ အင်းစိန်မြို့နယ်အတွင်း စစ်ရေး လေ့ကျင်းခြင်းများ ပြုလုပ်နေခြင်းမှာ ပြည်သူလူထုကို ခြောက်လှန့်ရန်ဟု ယူဆရကြောင်း ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။

“တခုခုဖြစ်ရင် လုံခြုံရေးတွေချ၊ စစ်ကားတွေ မောင်းပြနဲ့ လုပ်နေတာ ကြာတော့ လူတွေက မြင်ပါများပြီး ရိုးနေပြီ၊ ဘယ်သူကမှလည်း မကြောက်ဘူး” ဟု သူက ဆက်ပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမျိုးကို ၂၀၀၇ ခုနစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားပြီးကာစကလည်း ၀န်ကြီးများရုံး အနီးပတ်ဝန်းကျင်၌ ပြုလုပ်ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်