ယက်ထောကို ကြိုးကိုင်သူရှိဟု ရဲချုပ်ပြော

E-mail Print
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ဝင်ရောက်ခဲ့သည့် မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်အကြံပေးသည့် အဖွဲ့ကြီးတဖွဲ့ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ယနေ့ ပြောကြားလိုက်သည်။

ဂျွန်ဝီလျံယက်ထော၏ နောက်တွင် ကြိုးကိုင်သည့် အဖွဲ့ရှိနေကြောင်းနှင့် ၎င်းအဖွဲ့ကို စုံစမ်းနေကြောင်း ရဲချုပ်က ယနေ့နေလယ်၊ ရန်ကုန်၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်း သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း သတင်း ဂျာနယ် အသီးသီးမှ သတင်းထောက် များ တက်ရောက်ခဲ့သည်ဟု ကြားသိရသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ဂျွန် ဝီလျံ ယက်ထော အနေနှင့် စိတ်ကစဥ့်ကလျား ဖြစ်နေသူ လုံးဝ မဟုတ်ကြောင်း နာရီဝက်ခန့် ရှင်းလင်းပြောကြားသွားသည်ဟု တက်ရောက်သူ သတင်းထောက်များက ပြောသည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောအနေနှင့် ထိုင်းနိုင်ငံနှင့် မြန်မာပြည်တွင် ကာလရှည်ကြာ နေထိုင်ရန်အတွက် ငွေကြေးပြည့်စုံသူ မဟုတ်ကြောင်း၊ ထိုသို့ နေထိုင်နိုင်ရန် နောက်ကွယ်မှ အဖွဲ့ကြီးတဖွဲ့က ထောက်ပံ့ပေးမှ သာ ဖြစ်နိုင်ကြောင်း ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။

ဆက်လက်၍ ရဲချုပ်ခင်ရီက မစ္စတာ ဂျွန် ဝီလျံ ယက်ထောသည် ပုံမှန်လမ်းကြောင်းမှ ပြန်မထွက်ဘဲ အင်းလျား ကန်မှ ရေကူးကာ ပြန်လည်ထွက်ခွာခဲ့သည့်အတွက် လွယ်ကူစွာ အဖမ်းခံရခြင်းဖြစ်ပြီး ၎င်းအနေနှင့် ပြည်ပ တရားမဝင် အတိုက်အခံအဖွဲ့အစည်းများနှင့် သေချာပေါက် တွေ့ဆုံခဲ့လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

“သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးပဲ သီးသန့်လုပ်တာ။ မစ္စတာ ယက်ထော လာတဲ့နေ့က လုံခြုံရေး တာဝန်ကျတဲ့သူတွေကို အရေးယူမယ် ဆိုတာရယ်၊ ဒေါ်အောင်ဆန်း စုကြည်ကလည်း မစ္စတာယက်ထောကို ကူညီသူအနေနဲ့ အပြစ်ရှိတယ်ဆိုတာရယ်ကိုပဲ အပ်ကြောင်းထပ် အောင် အကြာကြီး ပြောသွားတယ်” ဟု ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည့် သတင်းထောက် တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်