နယ်ခြားစောင့်တပ် ပြောင်းလဲရန် NDA-K လက်ခံ

E-mail Print
နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲရန်အတွက် နယ်မြေ လုံခြုံမှုကို ဆက်လက် တာဝန်ချထားခြင်းသည် အလွန်သင့် လျှော်သည့်အတွက် ကြိုဆိုထောက်ခံသည်ဟု ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တပ်ဖွဲ့မှ ခေါင်း ဆောင် ဦးဇခုန်တိန့်ယိန်းက ပြောကြားသည်။

အဆိုပါ ကချင် အထူးဒေသ (၁) NDA-K အဖွဲ့ အသွင်ကူးပြောင်းရေးကာလ တိုင်းအဆင့် လုပ်ငန်းကော်မတီ မြောက်ပိုင်းခရိုင် (မပခ) တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဦးစီးအရာရှိများ လွန်ခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ကချင်ပြည် နယ် ပန်းဝါမြို့ ဟိုတယ်တခုတွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲ၌ ယခုကဲ့သို့ သဘောတူ ပြောကြားခဲ့ခြင်းဖြစ် သည်။

“မျက်မှောက် အချိန်ကာလတွင် ပြည်တွင်းပြည်ပ ပယောဂများ ပေါ်ပေါက်နေခဲ့သဖြင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ် မှု တည်ဆောက်ထားနိုင်သည့် ဒေသများအား မဖျက်ဆီးနိုင်အောင် ဒေသများတွင် အသွင်ကူးပြောင်းပြီး နယ်မြေ လုံခြုံမှုကို ဆက်လက်တာဝန်ချထားခြင်းသည် အလွန်သင့်လျှော်ပါသဖြင့် မိမိတို့ ၀မ်းပန်းတသာကြိုဆို ထောက်ခံ သည်”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “ရှေ့လုပ်ငန်းစဉ်အဖြစ်တပ်ဖွဲ့ဝင် လက်နက်ကိုင်များကို တပ်မတော် အကြီးအကဲများက ကွပ်ကဲမှု အောက် ကူးပြောင်းသည့် အသွင်ကူးပြောင်းလုပ်ငန်းကို ကျနော်တို့ အနေဖြင့် မည်သို့မျှ သံသယစိတ်မရှိကြောင်း” ဟုလည်း ဦးဇခုန်တိန့်ယိန်းက ဆိုသည်။

NDA-K ပြုလုပ်ခဲ့သော အစည်းအဝေး၏ သတင်းအချက်အလက် မှတ်တမ်းများကို ဧရာဝတီသတင်းဌာနက ရရှိ ထားပြီး အတည်ပြုနိုင်ခြင်းဖြစ်သည်။

NDA-K တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် လူအင်အား ၅၀၀ခန့်ဖြင့် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော အဖွဲ့တဖွဲ့ဖြစ်သည်။  

၁၉၉၀ ခုနှစ်တွင် မြစ်ကြီးနားမြို့ မလိခရိပ်သာတွင် မြန်မာ စစ်အစိုးရ တာဝန်ရှိသူများနှင့် တရားဝင် ညှိနှိုင်းဆွေး နွေး လက်မှတ်ရေးထိုးပြီး တရား ဥပဒေ ဘောင်အတွင်းမှ လက်နက်ကိုင် ငြိမ်းချမ်းရေး တပ်မတော် အဖြစ်ဒေသ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့သည်မှာ ယခုအချိန်ထိဖြစ်ကြောင်း ၎င်း အစည်းအဝေးမှတ်တမ်း၌ ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်သည် မတရားအသင်းပယ်ဖျက်ပေးပြီး ဥပဒေဘောင်အတွင်း၌ ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်မှ အထူးရဲဝန်ထမ်းတပ်ဖွဲ့တခု ဖြစ်တည်လာခဲ့ကြောင်း၊ မိမိတို့တပ်ဖွဲ့သည် နိုင်ငံတော်တာဝန်ထမ်းဆောင် နေသော အထူးရဲများ ဖြစ်နေပြီဟုလည်း ၎င်း မှတ်တမ်းတွင် ရေးသားထားသည်။     

စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော တရုတ် - မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်း ရေးအတွက် အသွင်ကူး ပြောင်း ရေး လုပ်ငန်းကော်မတီ( ၃ )ခု ဖွဲ့စည်းရန် စစ်အစိုးရမှကမ်းလှမ်းခဲ့သည်။
 
ယင်းကိစ္စများအတွက် လွန်ခဲ့သည့် မေလ ၂၈ ရက်နေ့၌ နအဖ တာဝန်ရှိသူများက NDA-K အပါအဝင် ကချင် လွတ်မြောက်ရေး တပ်မ တော် (KIA)၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ ဝပြည် သွေးစည်း ညီညွတ် ရေးပါတီ (UWSP) အစရှိသည့် လက်နက်ကိုင် တပ်ဖွဲ့များအား တွေ့ဆုံဆွေး နွေးခဲ့သည်။

သို့သော် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နှင့် ၎င်း NDA-K တပ်ဖွဲ့ ၂ ခုသာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလည်းရန် လက်ခံထားကြောင်း သိရသည်။  

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေးယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။

ထိုအဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံနိုင်သေးဟူသော သတင်းများ ထွက်ပေါ် နေသော်လည်း တရားဝင် ထုတ်ပြန်ကြေညာခြင်းများ မရှိသေးပေ။

နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦး အပါအ၀င် စုစုပေါင်း အင်အား (၃၂၆) ဦး ပါဝင်ရန်သတ် မှတ်ထားသည်ဟု သိရသည်။ အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့်ရုံးတာဝန် များတွင် မြန်မာ့ တပ်မတော်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် တပ်များသည် လက်ရှိ ထိန်းချုပ်ထားသော နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင် ရမည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်