ရိုဟင်ဂျာ ၁၀၀၀ ခန့် အတင်းအကျပ် ပြောင်းရွှေ့ခံရ

E-mail Print
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းအနီးတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာ အိမ်ခြေ ၄၀၀ခန့်ကို ဒုက္ခသည် စခန်းမှ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့များက အတင်းအကျပ် ပြောင်းရွှေ့ရန်ကြိုးပမ်း နေသည်။

ယင်းအိမ်များသည် Cox’s Bazarပြည်နယ်  Kutupalong Refugee Camp အပြင်တွင်ရှိပြီး ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်း ၁၀၀၀ခန့် နေထိုင်ကြ ကြောင်း ဒါကာ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာ မင်းကြီးရုံး UNHCRမှ တာဝန်ရှိသူ တဦး ကပြောသည်။

Arakan Protect Project (APP) အဖွဲ့မှ မှတွဲဖက် ဆက်သွယ်ညှိနှိုင်းရေးမှူးChris Lewa က“အာဏာပိုင်တွေက လာရောက်အခြေချ နေထိုင်သူတွေ အားလုံးကို အမြန်ဆုံး ထွက်ခွာမသွားဘူးဆိုရင် အရေး ယူသွားမယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်စခန်းနှင့် ကိုက် ၁၀၀ အကွာ အဝေးတွင် နေထိုင်ကြသူများ အားလုံးသည် ရခိုင်စီမံကိန်း (Arakan Project -AP) အရ မေလတွင် စွန့်ခွာရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် အစိုးရက ထုတ်ဖော် ပြောကြား ထားခဲ့သည်။

UNHCR တာဝန်ရှိသူတဦးက “ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေဟာ ဒုက္ခသည်တွေ မဟုတ်ဘူး၊ တစုံတခု သော အကျိုးခံစားခွင့်ကြောင့် ဒုက္ခသည် စခန်းအနီးမှာ လာနေတာလို့ ထုတ်ပြောခဲ့တယ်” ဟု ဧရာဝတီသို့ ပြော သည်။

ကုလားတန်သတင်း ဌာနမှ အယ်ဒီတာ ကိုတင်စိုးက “မောင်းထုတ်ခံရတဲ့သူတွေက  ခုချိန်ထိ အဲဒီနေရာမှာ ရှိသေးတယ်၊ တချို့ဆိုရင် အခုချိန်ထိ ပလတ်စတတ်အိတ်တွေကို အမိုးအကာ လုပ်ပြီး အဲဒီနေရာမှာ နေတုန်းပဲ၊ အစားအသောက်နဲ့ သောက်သုံးရေ မလုံလောက်သလို အိမ်သာလည်း အလုံအလောက်မရှိဘူး”ဟုပြောသည်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြောက်ပိုင်းမှ မိသားစု ၁၀၀ကျော်ခန့် သည် မကြာသေးမီက ဒုက္ခသည် စခန်း အပြင်တွင် အခြေချနေထိုင်ခဲ့ကြောင်း သိရသည်။

Cox’s Bazar ခရိုင်ရှိ ရွေ့ပြောင်း ဒုက္ခသည် စခန်း၂ခုတွင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော် လက်ရှိ နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကျပ်အတည်း တို့အပေါ် ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားခဲ့သေးသည်။

ယင်း အစည်းအဝေးတွင် ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

ရိုဟင်ဂျာ အများအပြားသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာလျက် ရှိသည်။

ပင်လယ်ရေလှိုင်း အငြိမ်သက်ဆုံး ကာလဖြစ်သည့် နိုဝင်ဘာလ နောက်ပိုင်းတွင် ပိုမို၍ စွန့်စား ထွက်ခွာလေ့ ရှိသည်။

ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူနည်းစု ဖြစ်သည်။ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့်မရအောင် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားသည်။

ယခင် ၂၀၀၈ စက်တင်ဘာလက ရိုဟင်ဂျာ ၁ဝဝ ကျော်သည် အလုပ်အကိုင် ရရှိရေးအတွက် ရန်ကုန်သို့ သွားရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသည်။ အာဏာပိုင်တို့က ၎င်းတို့ကို ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်လိုက်သည်။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက် များကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်း လာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြသည်။ အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်။

ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇- ၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တလအတွင်း တရားမဝင် ရောက်ရှိလာသော ရိုဟင်ဂျာများကို ဖမ်းဆီးရမိမှု ၈ ကြိမ်ရှိခဲ့ပြီး လူဦးရေ စုစုပေါင်းမှာ ၆၅၉ ဦး ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်