သိမ်နံရံပေါ်မှ ဆရာတော် တပါး၏ပုံရိပ် စိတ်ဝင်းစားသူများပြား

E-mail Print
ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ လမုတန်း ရပ်ကွက်အတွင်းရှိ လမုတန်း ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဆောက်လက်စ သိမ်ကျောင်း အုတ်နံရံပေါ်တွင် ဆရာတော်တပါး၏ ပုံရိပ်ပေါ်လာ သည်ဟူသည့် သတင်း ကြောင့် စိတ်ဝင်စားသူများ သွားရောက်ကြည့်ရှုနေကြသည်ဟု သိရသည်။


၎င်းပုံရိပ်ကို သိမ်ကျောင်းအတွင်း ပလ္လင်ဆောက်လုပ်ရာတွင် ပါဝင်သည့် ပန်းရံသမား တဦးက စတင် မြင်တွေ့ခြင်းဖြစ်ကြောင်း သိရသည်။

“တနင်္လာနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ပန်းရံသမား တယောက်က ပလ္လင်ရဲ့နောက်က အုတ်နံရံမှာ ပေါ်နေတဲ့ အစိုပျံတဲ့ အကွက်ပုံစံက ဆရာတော်တပါးရဲ့ ပုံနဲ့တူတယ်ဆိုပြီး စ သတိထားမိရာက တယောက်စကား တယောက် ပျံ့သွားပြီး ဟိုလူလာကြည့်၊ ဒီလူလာကြည့် လုပ်ကြတာ” ဟု ၎င်း သိမ်ဆောက်လုပ်ရာတွင် ပါဝင်သည့် ပန်းရံသမားတစ်ဦးက ဆိုသည်။

အဆိုပါ ဘုန်းကြီးကျောင်းမှ ဦးပဉ္ဇင်းတပါးနှင့် လာရောက်ကြည့်ရှုသူများက အုတ်နံရံတွင် ပေါ်နေသော ပုံရိပ်မှာ ပလ္လင်ပြုလုပ်နေသည့် နေရာအနီးတွင် အပူဇော်ခံထားသော ၁၉၉၂ ခုနှစ်က ပျံလွန်သွားခဲ့သည့် သီဟိုဋ်ပြန် ဓမ္မကထိက ကျောင်းထိုင်ဆရာတော်ကြီး ဘဒန္ဒ၀ံသ၏ ပုံတော်နှင့် တူနေကြောင်း ပြောဆိုနေကြ သည်။

ဆရာတော်ပုံရိပ်နှင့် စပ်လျဉ်းပြီး အင်ဂျင်နီယာတစ်ဦးက ဆောက်လက်စ အဆောက်အဦးဖြစ်သောကြောင့် ရေငွေ့ပျံခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အုတ်နံရံအနှံ့ အငွေ့ပျံခြင်းမျိုးမဟုတ်ဘဲ ရေငွေ့ပျံသည့်ပုံစံက ဦးခေါင်းပုံစံထွက်လာသည်မှာ ထူးခြားသည်ဟု ဆိုလျှင်ဆိုနိုင်ကြောင်း ပြောဆိုသည်။

အဆိုပါသိမ်ကျောင်းတော်ကို ယမန်နှစ် အောက်တိုဘာလအတွင်းက စတင်ဆောက်လုပ်ခဲ့သည်ဟု သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်