ဘန်ကီမွန်း ခရီးစဉ် အပေါ် NLD မျှော်လင့်ချက်မထား

E-mail Print
မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာမည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ကြီးမားသည့် အပြောင်းအလဲကို မျှော်လင့်မထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြောသည်။

“လမ်းပွင့်ရုံလောက်တော့ မျှော်လင့်တယ်၊ အကြီးအကျယ်အပြောင်းအလဲတော့ ဒီတခေါက်နဲ့ဖြစ်မယ်လို့ ကျနော် တို့ မမျှော်လင့်ဘူး”ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်း ရောက်ရှိလာပါက NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) ၅ ဦးနှင့် တွေ့ဆုံရမည်ဖြစ် ကြောင်း ယမန်နေ့တွင် အာဏာပိုင်များက အကြောင်းကြားလာသည်ဟုလည်း ၎င်း က ဆိုသည်။

“ကျနော်တို့ဆီက CEC ၅ ဦးနဲ့ တွေ့ဖို့ မနေ့က အကြောင်းကြားထားပါတယ်၊ ဘယ်တော့လဲ ၊ ဘယ်အချိန်လဲ ၊ ဘယ်နေရာလဲ ဆိုတာတော့ မသိရသေးဘူး”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

မစ္စတာ ဘန်ကီမွန်းသည် လက်ရှိ တရားရင်ဆိုင်နေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကိုမူ မသိရှိရသေးချေ။

ယမန်နေ့က အဆိုပါ မစ္စတာ ဘန်ကီမွန်း ခရီးစဉ်နှင့် ပတ်သက်ပြီး NLD တွင် အစည်းအဝေးတရပ် ပြုလုပ် ကြောင်း၊ သို့သော် အသေးစိတ်မပြောဆိုနိုင်သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ယင်းကြေညာချက်ကို ယခင်တပတ်က မြန်မာပြည်သို့သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာ ဟင်ဂန်ဘာရီ မြန်မာပြည်မှ ပြန်လာခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ရုံးချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မစ္စတာ ဘန်ကီမွန်းအနေနှင့် ယခု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ အတိုက် အခံများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စစ်အစိုးရတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရန် စသည့် အချက် ၃ ချက်ကို အဓိကထား ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

ကုလသမဂ္ဂကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြု လုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်တို့ကို တောင်းဆိုထားသည်။ ယင်းတောင်းဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။

မစ္စတာဘန်ကီမွန်းသည် ၂၀၀၈ခုနှစ် မေလအတွင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း မြန်မာ နိုင်ငံသို့ပထမအဆုံးအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရန် ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြော ဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်