ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ အင်ဒိုနီးရှားရှိ ဗြိတိန် သံရုံးတွင်ပြသထား

E-mail Print
အင်ဒိုးနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဗြိတိန်သံရုံးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို Projector ဖြင့် ယမန်နေ့က ပြသထားကြောင်း သိရသည်။

အဆိုပါ ဂျကာတာမြို့လယ် ဗြိတိန်သံရုံးတည်ရှိရာ Bundaran H1 မီးပွိုင့်လမ်းဆုံတွင် ဒေါ်အောင်ဆန်းစု၏ ရုပ်ပုံ ကို ဖော်ပြရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် အလွန်အရေးပါသော အဖြစ်အပျက်နှစ်ခုကို ရည်ရွယ် သည် ဟု ယမန်နေ့က ဗြိတိန်သံရုံး၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဗြိတိန် အစိုးရက တခြားနိုင်ငံတကာ အသိုင်းအ၀န်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်း သားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုပါသည်”ဟု ကြေညာချက်တွင်ပါရှိသည်။  

ဆက်လက်၍“မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း က ယခု အရေးကြီးသော ကာလတွင် မြန်မာနိုင်ငံသွားရောက်မည့် ဆုံးဖြတ်ချက်ကို လိုက်လှဲစွာ ကြိုဆိုပါသည်”ဟု လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကြီးကို ယမန်နေ့ မှ စတင်၍ စနေနေ့ ညနေ နေ၀င်ချိန်အထိ ၃ ရက်ကြာဖော်ပြ ထားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဖော်ပြထားသည်နေ့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မစ္စတာ ဘန်ကီမွန်းက ၎င်း၏ ခရီးစဉ်တွင် မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ ဆုံဆွေး နွေးရေးပြုလုပ်ရန်၊ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်တို့ကိုတောင်း ဆိုထားသည်။

စစ်အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မစ္စတာ ဘန်ကီမွန်းသည် မြန်မာပြည် သို့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ်ရောက်ရှိနေပြီ ဖြစ်သည်။

ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် “ဗြိတိန် အစိုးရအနေနှင့် အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အပေါ်  မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ၂၀၁၀ ရွေးကောက်ပွဲဖြစ်ရန် အခြေခံလုပ်ဆောင်ချက်များကို  ချမှတ်နိုင်ရေးအတွက် တိုးတက်မှုများ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်” ဟု ရေးသားထားသည်။

သို့သော် မစ္စတာ ဘန်ကီမွန်းသည် လက်ရှိ တရားရင်ဆိုင်နေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကိုမူ မသိရှိရသေးချေ။

တချိန်တည်းတွင်ပင် ကမ္ဘာကျော် U2 အဖွဲ့က ဖျော်ဖြေသည့် စင်မြင့် ဖျော်ဖြေပွဲများတွင် ပရိသတ်များက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးများ တပ်ဆင်အားပေးရန် ၎င်းတို့၏ www.u2.com အင်တာနက်စာမျက်နှာ ပေါ်၌ နှိုးဆော်ထားသည်။

အဆိုပါ အင်တာနက်စာမျက်နှာပေါ်တွင် “Larry နှင့် Edge တို့က “Walk On” သီချင်းကို စတင် တီးခတ်လိုက် သည်နှင့် တပြိုင်နက် ယင်းမျက်နှာဖုံးကို ထောင်ပေါင်းများစွာသော ပရိသတ်များနှင့်အတူ ၀တ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သင်အပါအ၀င် တကမ္ဘာလုံးက အမှတ်ရကြောင်း ပြောပြလိုက်ပါ”ဟု ရေးသားထား သည်။

ယင်းမျက်နှာဖုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာရုပ်ပုံကို ပုံနှိပ်ထားပြီး သူမ၏ မိန့်ခွန်းကောက် နုတ်ချက် ဖြစ်သည့်“FEAR IS A HABIT; I AM NOT AFRAID”စာသားကိုလည်း ရေးထားသည်။ ၎င်း မျက်နှာဖုံးကို Adobe Acrobat Readerကို အသုံးပြု၍ ယင်းအင်တာနက် စာမျက်နှာပေါ်မှ တဆင့်ရယူနိုင်ကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်