စစ်အစိုးရနှင့်ပတ်သက်သည့် မြောက်ကိုရီးယား ကုမ္ပဏီ အမေရိကန် အရေးယူ

E-mail Print
မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading Corp နှင့် အီရန် အခြေစိုက် ဟောင်ကောင် Electronics ကုမ္ပဏီ ၂ ခုကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်လိုက်သည်။

အဆိုပါ ကန့်သတ်ချက်တွင် အမေရိကန်နိုင်ငံ၏ မည့်သည့် စီးပွားရေးလုပ်ငန်းမဆို ထိုကုမ္ပဏီ ၂ခုနှင့် စီးပွားရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်း မပြုရန်ပါဝင်ကြောင်း အင်္ဂါနေ့ထုတ် Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီ ၂ခုသည် မြောက်ကိုရီးယား နိုင်ငံအတွင်းမှ နျူကလီးယား၊ တာဝေးပစ်ဒုံးကျည်များနှင့် သက်ဆိုင် သော နည်းပညာများကို ပြည်ပသို့ တင်ပို့ရန် ကြိုးစားသဖြင့် အဆိုပါကန့်သတ် တားမြစ်မှုကို ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစောင်ကို ကိုးကားပြီး ယင်းဂျာနယ် တွင် ရေးသားထားသည်။

အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး ဖြစ်သူStuart Leveyက “မြောက်ကိုရီးယားက ငွေကြေးဆိုင်ရာ ဆက်သွယ်မှုရှိတယ် ဆိုတာကို ခြေရာမခံနိုင်အောင် ဟောင်ကောင် Electronics လို ကုမ္ပဏီ တွေကို အသုံးပြုလေ့ရှိတယ်”ဟူသော ပြောဆိုချက်ကို ယင်းဆောင်းပါးက ကိုးကားထားသည်။

Namchingang Trading Corp ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စစ်လက်နက်ပစ္စည်းဆိုင်ရာ အကူအညီ ပေးခဲ့ သကဲ့သို့ ယူရေနီယံသန့်စင်ရန် အတွက် သက်ဆိုင်သော ပစ္စည်းကိရိယာများကို မြောက်ကိုရီးယားနိုင်ငံ အတွင်း သို့ တင်သွင်းခဲ့ကြောင်းသိရသည်။

ဟောင်ကောင် Electronics ကုမ္ပဏီမှာလည်း တာဝေးပစ် ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်း တမျိုးကို မြန်မာပြည်သို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသဖြင့် ပြီးခဲ့သောရက်ပိုင်းကဖမ်းဆီးခံခဲ့ရသော ဂျပန်လုပ်ငန်းရှင် ၃ဦးနှင့် ပတ်သက်နေကြောင်း ယင်းဆောင်းပါးတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူများမှာ တိုကျိုအခြေစိုက် လုပ်ငန်းရှင်များ ဖြစ်ကြသော မြောက်ကိုရီးယားနိုင်ငံသား ၁ ဦး နှင့် ဂျပန် နိုင်ငံသား ၂ ဦးတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့မှာ မြောက်ကိုရီးယားနိုင်ငံသား Toko Boeki ကုမ္ပဏီ ဥက္ကဋ္ဌ လီကျုံးဟို၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ တခု၏ ဥက္ကဋ္ဌ Miaki Katsuki နှင့် ထုတ်ကုန် အေဂျင်စီတခု၏ ဥက္ကဋ္ဌ Yasuhiko Muto တို့ဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင် Electronics ကုမ္ပဏီသည် မြောက်ကိုးရီးယားနှင့် အီရန်နိုင်ငံတို့အကြား လက်နက် အရောင်း အ၀ယ် ကို အဓိကနေရာမှ ဆောင်ရွက်ပေး နေသည်ဟု အမေရိကန်တို့က သံသယရှိထားသည်။

Namchingangကုမ္ပဏီ သည် International Atomic Energy Agency (IAEA) သို့ မြောက်ကိုရီးယား ကိုယ်စားလှယ် သံတမန်တဦး အဖြစ်သွားရောက်ခဲ့သော Yun Ho Jin ကဦးဆောင် တည်ထောင်ထား ခြင်းဖြစ်သည်။

 

၎င်းသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်း အစိုးရအဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်