ဒေါ်အောင်ဆန်းစုကြည်၏ သက်သေကို ရုံးချိန်းထပ်မံရွှေ့ဆိုင်း

E-mail Print
ဒေါ်အောင်ဆန်း စုကြည်၏သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးရန်ရုံးချိန်းကို တရားရုံးက ယနေ့မှ ဇူလိုင် ၁၀ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့ ဆိုင်းလိုက်ကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင် ၃ ရက်နေ့ ရုံးချိန်းအတိုင်း သွားရောက်ရာတွင် စစ်ဆေးကြားနာမှု မရှိဘဲ ၁၀ ရက်နေ့သို့သာ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“အကြောင်းပြချက်ကတော့ ဗဟိုတရားရုံးရောက်နေတဲ့ အမှုတွဲပြန်မရောက်သေးဘူးတဲ့ အဲဒါ ကောင်းတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး” ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

သို့သော် လက်ရှိ ဘန်ကီမွန်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်၍ တခြားအစီအစဉ်တခု ရှိမည်ဟု သူ့အနေနှင့် သံသယ ဖြစ်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံရေး သော်လည်းကောင်း၊ ဘန်ကီးမွန်းခရီးစဉ်နှင့် ယခုအမှုကိစ္စတွင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းခြင်းမျိုးသော် လည်းကောင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကလည်း ယခုကဲ့သို့ ရုံးချိန်းကို ၁၀ ရက်နေ့သို့ ပြောင်းရွှေ့လိုက် ခြင်းနှင့် နအဖဘက်မှ ပေးသည့် အကြောင်းပြချက်မှာ သဘာဝမကျကြောင်း ပြောသည်။

“ဒီနေ့ကျတော့ အမှုတွဲ မရောက်သေးလို့ ဆိုပြီး ထပ်ချိန်းလိုက်တာကတော့ တရားစီရင်ရေး လုပ်ငန်းမှာ အချိန်ဆွဲထားသလို ဖြစ်တယ်လို့ ကျမယူဆတယ်” ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။

ဒေါ်ခင်မိုးမိုးကို ယခင် ဇွန် ၂၆ ရက်နေ့ စစ်ဆေးမည်ဟု တရားရုံးမှ ချိန်းဆိုခဲ့သော်လည်း ယခုလ ၃ ရက်နေ့သို့ ပြောင်းရွှေ့ ချိန်းဆိုခြင်းမှာ ဒုတိယ အကြိမ်မြောက် ချိန်းဆိုခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ချိန်းဆိုသည့် ဇွန် ၂၆ ရက်နေ့က ဦးတင်ဦးနှင့် ဦးဝင်းတင် အမှုတွဲက တရားရုံးချုပ်ကို တက်နေဆဲဖြစ်ပြီး ဗဟို တရားရုံးချုပ်မှ အမိန့်မကျသေးသောကြောင့် ပြောင်းလဲ ချိန်းဆိုခြင်းမှာ သဘာဝကျကြောင်း၊ ယခုအခါ တတိယ အကြိမ်အဖြစ် ထပ်မံ ချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါ်ခင်မိုးမိုးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်နေထိုင်သူဖြစ်ပြီး ရုံးချိန်းရှိသည့်အချိန်တိုင်း တောင်ကြီးမြို့ မှ ရန်ကုန်သို့ လာရောက်ရသူဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်