လွင်မိုး ရေခဲတောင် ခရီးသွား မှတ်တမ်းရုပ်ရှင် ရိုက်ကူးမည်

E-mail Print
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက လာမည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ် ပူတာအိုရှိ ရေခဲတောင်ဒေသသို့ မှတ်တမ်း သွားရောက် ရိုက်ကူးရန် ပြင်ဆင်နေသည်ဟု ဧရာဝတီသို့  ပြောသည်။

“ဒါကတော့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ တနိုင်ငံပဲ ရေခဲတောင်ကို ပိုင်ဆိုင်တာကိုး။ ပြီးတော့ အဲဒီမှာ တကယ့် သဘာဝတောကြီးတွေ ရှိတယ်” ဟု လွင်မိုးက ဆိုသည်။

ဆက်လက်၍ လွင်မိုးက ရေခဲတောင် တက်သူ တဦးအနေဖြင့် လိုအပ်သည်များကို ခြေလျင်တောင်တက် အဖွဲ့များနှင့် တိုင်ပင်ကာ ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုတောင်တက် လမ်းတလျှောက်တွင် ၎င်းတို့အဖွဲ့ လှုပ်ရှားမှုများ၊ တွေ့မြင်ခဲ့ရသည့် သဘာဝတောရိုင်း တိရစ္ဆာန်များ၊ ပန်းများနှင့် ထိုဒေသတွင် နေထိုင်သည့် ဒေသခံများအကြောင်းကို မှတ်တမ်းအနေနှင့် တောက်လျှောက် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ပြောသည်။

၎င်းသည် “လွင်မိုး ခရီးသွားနေသည်” ခေါင်းစဉ်ဖြင့် ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မြိတ် ခရီးစဉ်များ ရိုက်ကူးကာ မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသပြီးဖြစ်သည်။

“ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး” မှတ်တမ်းကိုလည်း ဗီဒီယိုအခွေအဖြစ် ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။  

မြို့ပြများနှင့် ဝေးလံခေါင်းပါးသော ဒေသများသို့ သွားရောက်ပြီး တိုင်းရင်းသားတို့၏ နေထိုင်မှု ဘဝ၊ ယဉ်ကျေးမှု ဓလေ့ စရိုက်များကို ပေါ်လွင်အောင် ရိုက်ကူးခြင်း၊ ထို တိုင်းရင်းသား ဓလေ့စရိုက် များကို ပရိသတ်တို့အား မျှဝေခြင်း အဖြစ် ၎င်းမှတ်တမ်းများကို ရိုက်ကူးခြင်းဖြစ်သည် ဟုလွင်မိုးကဆိုသည်။

လွင်မိုးသည် ၁၉၈၉ ခုနှစ်မှ စတင်ကာ သရုပ်ဆောင် လောကကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင် သက်တမ်း ၁၂ ကြာပြီးနောက် ယခုကဲ့သို့ ခရီးသွား သတင်းမှတ်တမ်းများကို ရိုက်ကူးခြင်းဖြင့် ၎င်း၏ ရှေ့ဆက် အသက်မွေးဝမ်းကြောင်းပုံစံကို ပြောင်းလဲမည် ဖြစ်သည်ဟု သိရသည်။

ခရီးသွားမှတ်တမ်းကို ရိုက်ကူးနေသော်လည်း တဖက်တွင် ဇာတ်ကားများတွင်လည်းပါဝင် သရုပ်ဆောင် လျက် ရှိသည်။  

အကယ်ဒမီ လွင်မိုးက “ အမြင့်ပေ ၁၂၀၀၀ လောက်ရှိတဲ့ ဖွန်ဂန်ရာဇီ ဆိုတဲ့တောင်ကိုတော့ ကျနော် ၂ ခေါက်တက်ပြီးပြီ။ တကယ်ရိုက်ကူးမယ့် အပိုင်းကတော့ ဖွန်ဂန်ရာဇီတောင်ဖြစ်ချင်မှဖြစ်မှာ၊ အမြင့်ပေ ၁၄၀၀၀ ရှိတဲ့ ဖုန်ရန်တို့ ဖုန်ရင်တို့ရှိတယ် အဲဒီဘက်က ပိုခက်ခဲတယ်၊ အဲဒီဘက်တွေက ပရိသတ်ကို ပိုပြီး ဆွဲဆောင်မှု ရှိမယ် ထင်လို့ ရိုက်ကူးဖို့ ကျနော်ရွေးထားပါတယ်” ဟု ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်