NLD ပြန်ကြားရေး အသစ်ပြန်လည်ဖွဲ့စည်း

E-mail Print
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ (Central Information Committee-NLD ) ကို မကြာသေးမီက ပြန်လည်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပ ပြီးစီးခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဖွဲ့၏ အမည်မှာ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ ဟု ဆိုသည်။

အဖွဲ့၏ပြန်ကြားရေးတာဝန်ခံအဖြစ် အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေ ကိုတာဝန် ပေးအပ်ထားပြီး အဖွဲ့ဝင်များအဖြစ် ဦးအုန်းကြိုင် ၊ ဦးဉာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး ၊ ဦးဟံသာမြင့် ၊ ဒေါက်တာဝင်းနိုင် တို့ဖြင့် ဖွဲ့ စည်းထားသည်ဟု သိရသည်။

“သတင်းနှင့် ပြန်ကြားရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အရင်ပြန်ကြားရေး တာဝန်ခံ ဥက္ကဋ္ဌ  ဦးအောင်ရွှေ ကျန်းမာရေး မကောင်းတဲ့အတွက် ပြန်ကြားရေးလုပ်ငန်းတွေ သွက်လက်ထက်မြက် လာအောင်၊ ပိုပြီးတော့ သတင်းတွေ မြန်မြန်ဆန်ဆန်  ဖြန့်ချိနိုင်အောင် အဖွဲ့ကို ပြန်ဖွဲ့တာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေ က ပြောကြားသည်။

NLD က ထုတ်ပြန်မည့်သတင်းများနှင့် ပတ်သက်ပြီး ယခုဖွဲ့စည်းလိုက်သည့် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ကသာ တရားဝင်ထုတ်ပြန်မည်ဟု ၎င်းကဆိုသည်။

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်သော ဒေါက်တာဝင်းနိုင်က“အနာဂတ် အနေနဲ့ ပုံမှန်လုပ်နေတာအပြင် လိုအပ်ရင် လိုအပ်သလို အဖွဲ့ချုပ် ရဲ့ပေါ်လစီများ ကိုထုတ်မယ်၊ နောက် တခုက ကျနော် တို့နဲ့ပတ်သက်တဲ့သတင်းတွေ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှင်းစရာ ရှိတာတွေကို ရှင်းနိုင်အောင် ၊ ခုခံနိုင် အောင် ၊ နိုင်ငံတကာ အဖွဲအစည်းတွေနဲ့ပတ်သက်ပြီး လိုအပ်ရင်အဖွဲ့ချုပ် ကိုယ်စား Respond လုပ်နိုင်အောင် ဖြစ်တယ်” ဟုပြောကြားသည်။

ယခင် NLD  အတွင်းရေးမှူး ဦးလွင် သတင်းနှင့်ပြန်ကြားရေးကို တာဝန်ယူစဉ်က မီဒီယာများနှင့် ဆက်ဆံရေးမှာ ပြေပြစ်မှု မရှိဟု မကြာခဏ ဝေဖန်ခံခဲ့ရသည်။

နောက်ပိုင်းတွင် ဦးလွင် ကျန်းမာရေးမကောင်း သောကြောင့် ဥက္ကဋ္ဌ ဦးအောင်ရွေက တာဝန်ယူခဲ့သည်၊ ယခုအခါ ဦးအောင်ရွှေမှာလည်း ကျန်းမာရေး မကောင်း၍ အနားယူနေရသောကြောင့် သတင်းများနှင့် အဆက်ပြတ် နေပြီး ပြန်လည် ဖြေရှင်းမပေးနိုင်၍ ဦးခင်မောင်ဆွေ က တာဝန်ခံအဖြစ် ပြန်လည် ဖွဲ့စည်း ခြင်း ဖြစ်သည်။

NLD ၏ နိုင်ငံရေး မူဝါဒ သဘောထားမှာ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေဂုံတိုင် ကြေညာချက် အတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နအဖ စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ အတိုင်းသာဖြစ်သည် ဟု ဒေါက်တာဝင်းနိုင် က ပြောကြားခဲ့သည်။

ယခု NLD သတင်းနှင့်ပြန်ကြားရေး ခေါင်းဆောင် ဦးခင်မောင်ဆွေသည် စမ်းချောင်းမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။ ထောင်ဒဏ် ၂ ကြိမ် ကျခံခဲ့ရပြီး ၊ ဒုတိယအကြိမ်တွင် ထောင်တွင်း၌ ၁၅ နှစ် ခန့် နေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်