အေရှားဝေါလ် ဆိပ်ကမ်း ပေါက်ကွဲမှုအစ မီးခြစ်က

E-mail Print

ရန်ကုန်မြို့ အေရှားဝေါလ် ဆိပ်ကမ်းရှိ ကွန်တိန်နာတလုံးတွင် အင်္ဂါနေ့ ညနေပိုင်းက အသေးစား ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ခြင်းမှာ ကော်စေ့များ စစ်ဆေးရာတွင် ဂက်စ်မီးခြစ် အသုံးပြုခြင်းကြောင့် ဖြစ်သည်ဟု ထို ဆိပ်ကမ်းရှိ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများက ပြောသည်။

“လေ အလုံခန်းထဲမှာ ဂက်စ်နဲ့ သွားတွေ့တာ ဆိုတော့ ပေါက်ကွဲတာပေါ့။ ဒါ ဖြစ်တတ်တယ်လေ။ သူတို့  ဒီ ပေါက်ကွဲတာကို လူတွေ သိမှာ ကြောက်နေတယ်လေ” ဟု အေရှားဝေါလ် ဆိပ်ကမ်းမှ တာဝန်ရှိ သူတဦးက ပြောသည်။

အသေးစားပေါက်ကွဲမှုဟု ဆိုသော်လည်း ကွန်တိန်နာအတွင်း ဝင်ရောက် စစ်ဆေးသည့် အကောက်ခွန် ဦးစီးဌာနမှ အရာရှိတဦး နှင့် ပစ္စည်းထမ်းသော အလုပ်သမား တဦး ဒဏ်ရာရသွားကြသည်ဟု မျက်မြင် သက်သေ တဦးက ပြောသည်။

“အကောက်ခွန်က အရာရှိကတော့ လက် ထိသွားတယ်။ သူ့ကို ဆေးခန်း ချက်ချင်း ပို့လိုက်တယ်။ ကူလီသမားကတော့ ထိတာ များတယ်၊ သူ့ကိုတော့ ချက်ချင်း ဆေးခန်း မပို့ဖြစ်ဘူး” ဟု မျက်မြင် သက်သေ တဦးက ဆိုသည်။

အေးရှားဝေါလ် ဆိပ်ကမ်းသည် ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် တည်ရှိသည်။

အဆိုပါ  ပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းများကို အေးရှားဝေါလ် ဆိပ်ကမ်း၊ အလုံမြို့နယ် ရဲတပ်ဖွဲ့ နှင့် အကောက်ခွန်ဦးစီးဌာနတို့က တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။

စာနယ်ဇင်းသမားများက ဆက်သွယ်မေးမြန်းသည့်အခါ ယင်းသတင်း မဟုတ်မှန်ကြောင်းသာ ပြန်လည် ဖြေဆိုသည်ဟု ရန်ကုန်မှ သတင်းထောက် တဦးက ရှင်းပြသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်