အာဇာနည်နေ့ အလေးပြုသူ ၅၀ ခန့် အဖမ်းခံရ

E-mail Print

အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး အလေးပြုရန် ကြိုးပမ်းခဲ့သူ ၅၀ ၀န်းကျင်ခန့် နံနက် ၁၁ နာရီ ခန့်တွင် ဖမ်းဆီးခံရကြောင်း သိရသည်။ အဖမ်းခံရသူများအနက် အများအပြားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဖြစ်သည်ဟု သိရသည်။

“အာဇာနည်နေ့ သွားပြီး အလေးပြုတဲ့  လူ ၅၀ လောက် အဖမ်းခံလိုက်ရတယ်၊ နော်အုန်းလှ ခေါင်းဆောင်တဲ့ အဖွဲ့ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တချို့ ပါတယ်၊ တခြား အရပ်သားတွေလည်း ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်တဦးက ဆိုသည်။

အာဇာနည်ဗိမာန်တွင် ပြုလုပ်သော အခမ်းအနားသို့ ပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင် ဖိတ်ကြားထား သူများသာ တက်ရောက်ခွင့် ရကြသည်။

“အာဇာနည်ကုန်းထိပ် မရောက်ခင်ကတည်းက လမ်းမှာ စောင့်တားတယ်။ ပြည်ထဲရေးက ဖိတ်ထားတဲ့ သတင်းထောက် တချို့က လွဲပြီး အခြား  ပြည်တွင်း သတင်းထောက်တွေကိုလည်း ၀င်ခွင့်မပြုဘူး၊  အာဇာနည်ကုန်းနားကို ဘယ်သူ့ကိုမှ ပေးမ၀င်တာ၊ ၀င်လာတဲ့သူတွေကိုလည်း အမေးအမြန်းမရှိ ဖမ်းထားလိုက်ကြတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

အာဇာနည်ကုန်းသို့ ချည်းကပ်ရာလမ်းများအပြင်၊ အာဇာနည်ကုန်းဘေးရှိ ရွှေတိဂုံဘုရား စောင်းတန်း ၄ ခုတွင်လည်း လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်ကို တွေ့ရပြီး၊ မသင်္ကာသူများအား မေးမြန်း စစ်ဆေးခြင်းလျက်ရှိကြောင်း၊ ကင်မရာပါသူ အချို့အား စစ်ဆေးမေးမြန်းရန် အတွက်ဟု ဆိုကာ ခေါ်ဆောင်သွားသည်ကိုလည်း တွေ့မြင်ရကြောင်း  ၎င်းက ဆက်လက် ပြောပြသည်။

NLD ကလည်း ၆၂ နှစ်မြောက် အာဇာနည်နေ့ကို ဌာနချုပ်ရုံးတွင်လည်း ကျင်းပလျက်ရှိသည်။ အဆိုပါ ရုံးရှေ့နှင့် အနီးတ၀ိုက်တွင်လည်း စစ်သားများ၊ ယူနီဖောင်းဝတ်ရဲများ၊ အရပ်ဝတ်ရဲများ၊ စွမ်းအားရှင်များ၊ ကြံ့ဖွံ့များ အပါအ၀င် စုစုပေါင်း ၁၀၀၀ ၀န်းကျင်ခန့်ဖြင့် လုံခြုံရေးချထားသည်ကို တွေ့မြင်ရသည်။

“မနက်က သံယာ ၅ ပါးကို အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေတယ်၊ ပြီးတော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို တမိနစ် ငြိမ်သက်ပြီး အလေးပြုတယ်၊ နေ့လည် ၁၂ နာရီမှာ အာဇာနည်နေ့ အခမ်းအနား စတယ်” ဟု ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့မှ ဒေါ်မြင့်မြင့်စိန်က ပြောသည်။

အာဏာပိုင်တို့ကလည်း အဖွဲ့ချုပ်ရုံးရှေ့သို့ သွားရောက်ပြီး အဖွဲ့ချုပ်ရုံး အာဇာနည်နေ့ အခမ်းအနား ကျင်းပရာသို့ လာရောက်ကြသော အဖွဲ့ဝင်များ၊ သတင်းထောက်များ၊ ဧည့်သည်များကို ဓာတ်ပုံ နှင့် ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။
 
အာဇာနည်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များ လုပ်ကြံခံရသည့် နှစ်ပတ်လည် နေ့ ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်