အာဇာနည် ဗိမာန်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ တားမြစ်ခံရ

E-mail Print
အာဇာနည် ဗိမာန်သို့ ယမန်နေ့က ကျရောက်သော ၆၂ နှစ်မြောက် အာဇာနည်နေ့တွင် သွားရောက်ပြီး အလေးပြုရန် ကြိုးပမ်းသူ ၅၀ ခန့်သည် အာဏာပိုင်များ၏ တားမြစ်ခြင်းခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဒေါက်တာဝင်းနိုင်က ပြောသည်။

ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ခဲ့သော အဆိုပါ အာဇာနည်ကုန်းသို့ သွားရောက်သူများ တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပါသော တီရှပ် အင်္ကျီ ၊ ဗိုလ်ချုပ် အောင်ဆန်းပုံ ကိုင်ဆောင်ထားသူများပါဝင် သည့် အတွက် လုံခြုံရေးအာဏာပိုင်များက တားမြစ်ခြင်းဖြစ်သည် ဟု ဒေါက်တာဝင်းနိုင်ကပြောဆိုသည်။

“မနေ့ က ညနေပိုင်းအထိ သူတို့ကို ဖမ်းဆီးထားတယ်လို့ပဲ သတင်းတွေထွက်နေတာ၊ ကျနော် သိသလောက်
က ဗိုလ်ချုပ်ပုံပါတဲ့ တီရှပ်တွေနဲ့ ဗိုလ်ချုပ်ပုံကိုင်ပြီး အာဇာနည်ကုန်းကို တက်တာကို တားတာ၊ ဒီနေ့လည်း ကျနော် ရုံးကို ရောက်တော့ ထပ်မေးတယ်၊ အဲဒီလူတွေ အဖမ်းခံရတာ မဟုတ်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အာဇာနည်ကုန်းသို့ အလေးပြုရန်သွားသူများကို နော်အုန်းလှ က ဦးဆောင်ခြင်းဖြစ်ပြီး အများစုမှာ NLD အဖွဲ့ဝင်များ ဖြစ်ကြောင်း NLD အဖွဲ့ဝင် တဦးက ပြောဆိုထားသည်။  

အာဇာနည်ဗိမာန်တွင် ပြုလုပ်သော အခမ်းအနားသို့ ပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင် ဖိတ်ကြားထား သူများသာ တက်ရောက်ခွင့် ရကြောင်းသိရသည်။

NLD ကလည်း ၆၂ နှစ်မြောက် အာဇာနည်နေ့ကို ရုံးချုပ်တွင် ကျင်းပသည်။ အဆိုပါ ရုံးရှေ့နှင့် အနီးတ၀ိုက် တွင် ယမန်နေ့က စစ်သားများ၊ ယူနီဖောင်းဝတ်ရဲများ၊ အရပ်ဝတ်ရဲများ၊ စွမ်းအားရှင်များ၊ ကြံ့ဖွံ့များ အပါအ၀င် စုစုပေါင်း ၁၀၀၀ ၀န်းကျင်ခန့်ဖြင့် အာဏာပိုင်များက လုံခြုံရေးချထားခဲ့သည်။

အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ NLD ရုံးချုပ်သို့ လာရောက်ကြသော အဖွဲ့ဝင်များ၊ သတင်းထောက် များ၊ ဧည့်သည်များကို အာဏာပိုင်များဘက်က ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ ရိုက်ယူကြောင်းလည်း NLD ကပြောသည်။

အာဇာနည်ကုန်းသို့ ချဉ်းကပ်ရာလမ်းများ၊ အာဇာနည်ကုန်းဘေးရှိ ရွှေတိဂုံဘုရား စောင်းတန်း ၄ ခု တို့တွင် ယမန်နေ့က လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး၊ မသင်္ကာသူများအား မေးမြန်း စစ်ဆေးခြင်း၊ ကင်မရာပါ သူများအား စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခြင်းများကို လုံခြုံရေး အာဏာပိုင်များက ပြုလုပ် ကြောင်း လည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်