အစိုးရသစ်အတွက် ၀န်ကြီးဌာန အရာရှိများကို စစ်တပ်မှ ကြိုတင်ခန့်အပ်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် ၀န်ကြီး အဆင့်အောက် အစိုးရဝန်ထမ်း ရာထူးကြီးများနေရာတွင် အသက် ၅၀ ၀န်းကျင်အရွယ် စစ်အရာရှိကြီး များ ဖြင့် အစားထိုးရန် ညွှန်ကြားမှုများရှိနေသည်ဟု နေပြည်တော် အစိုးရ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အစိုးရသစ်တွင် ထိပ်ပိုင်းဝန်ကြီးနေရာများ အပြောင်းအလဲ ရှိမည် ဖြစ်သော်လည်း ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး အပါအ၀င် ရာထူးကြီးများအတွက်မူ ယခုကတည်းက ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး များဖြင့် အစားထိုးပြီး ဆက်လက် အုပ်ချုပ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု နေပြည်တော်အစိုးရ၀န်ကြီး ဌာနတခုမှ ညွှန်ကြားရေးမှူး တဦးက ပြောသည်။

“၀န်ကြီးဌာန ရာထူးကြီးတွေကို အရပ်ဝတ်လဲ တပ်အရာရှိတွေကိုပဲ ပေးတာပါ။ ဒါပေမယ့် အရင်က အသက်အကန့်အသတ်မရှိဘူး။ အခုတော့ အသက် ၅၀ ကနေ ၅၅ နှစ်အကြားအရွယ် တပ်အရာရှိတွေပဲ ခန့်ဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်”ဟု နေပြည်တော် အစိုးရ အရာရှိကြီးများနှင့် နီးစပ်သူတဦးက ဆိုသည်။

ယခုနှစ်တွင် တာဝန်ထမ်းဆောင်ရင်း အသက် ၆၀ ပြည့်သွားကြသည့် ၀န်ကြီးဌာန အရာရှိကြီးများကို သက်တမ်းတိုးတာဝန် ထမ်းဆောင်ခွင့် မပြုတော့ဘဲ အငြိမ်းစား ပေးပြီး ၎င်းတို့နေရာတွင် ငယ်ရွယ်သော
စစ်တပ်အရာရှိကြီးများကို အရပ်ဝတ်လဲက ခန့်ထားသည်ဟု သိရသည်။
 
“ညွှန်ချုပ်၊ ဒုညွှန်ချုပ်နဲ့ ဦးဆောင်ညွှန်ကြားရေးမှူး တွေအပါအ၀င် ရာထူးကြီးတွေအတွက် အသက် ၅၀ ကျော် ပတ်ဝန်းကျင် တပ်အရာရှိတွေနဲ့ အစားထိုးတယ်။ တကယ်လို့ အရပ်သားထဲကပဲ ဒီလိုရာထူးကြီးတွေပေးမယ်
ဆိုရင်တောင်မှ အသက် ၅၀ ကျော်ဝန်းကျင်ကိုပဲပေးတယ်” ဟု နေပြည်တော်မှ ညွှန်ကြားရေးမှူးက ဆိုသည်။

ထိုကဲ့သို့ ညွှန်ကြားမှုမရှိခဲ့စဉ်က ရာထူးကြီးများတွင် တာဝန်ထမ်းဆောင်ရင်း အသက် ၆၀ ပြည့်သွားသော အစိုးရအရာရှိကြီးများသည် သက်ဆိုင်ရာ ၀န်ကြီးများကို လာဘ်ပေးကန်တော့ပြီး ထိုရာထူးကြီး များတွင် အကြိမ်ကြိမ် သက်တမ်းတိုးကာ တာဝန်ဆက်လက်ယူကြလေ့ရှိကြောင်း သိရသည်။

“ရာထူးကြီးရထားတဲ့ အစိုးရ၀န်ထမ်းဆိုတာက ပင်စင်ယူရမှာ အတော်ကြောက်တယ်။ ပင်စင်ယူဖို့ အသက် ပြည့်သွားရင် သက်ဆိုင်ရာဌာန ၀န်ကြီးတွေကို ကန်တော့ပြီး extension ယူကြတယ်။ အခုအဲဒီလိုမျိုး
မရဘူး။ ၀န်ကြီးတွေကိုယ်တိုင်က အထက်ကညွှန်ကြားထားလို့ ဘယ်လိုမှ extension မပေးနိုင်ဘူး ဆိုပြီး ငြင်းတယ်” ဟု ဇွန်လအတွင်း အငြိမ်းစားယူခဲ့ရသည့် အစိုးရအရာရှိကြီးတဦးက ရှင်းပြသည်။
 
ဝန်ကြီးဌာန ရာထူးကြီးများတွင် အသက် ၅၀ ကျော် ၀န်းကျင် စစ်တပ်အရာရှိကြီးများ အစားထိုးခန့် အပ်ခြင်း သည် ၂၀၁၀ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမည့် အစိုးရသစ် အုပ်ချုပ်ရေး ယန္တရား အဆင်ပြေစေရန် အတွက်ဖြစ်သည်ဟု ၀န်ကြီးများက ရှင်းလင်းပြောဆိုကြောင်းလည်း သိရသည်။

“နောင်အစိုးရသစ်တက်လာလည်း ၀န်ကြီးဌာနထိပ်တန်းရာထူးကြီးတွေ အများစုမှာ တပ်မတော်သား တွေကပဲ တာဝန်ယူထားမှာပါ” ဟု နေပြည်တော်အစိုးရ အရာထမ်းတဦးက ပြောသည်။
စစ်အစိုးရသည် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းမည်ဟုဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ပြီး ၂၀၀၈ ခုနှစ်တွင် ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေကို အတည်ပြုခဲ့၍ လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်