အိုဘားမား စီးပွားရေးပိတ်ဆို့၍ လူထု ဒုက္ခဖြစ်ဟု ဆို

E-mail Print
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို သက်တမ်းတိုး မြှင့်လိုက်ခြင်းသည် “ပြည်သူလူထုကို ဆက်လက်၍ ဆင်းရဲ ဒုက္ခခံစားရစေမယ့်”လုပ်ရပ်တခုဖြစ် ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ သွင်းကုန်များ ၃ နှစ် ပိတ်ပင်ရေး ဥပဒေမူကြမ်းကို အောက်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုခဲ့ကြပြီး သမ္မတ အိုဘားမားက ဇူလိုင်လ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးကာ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။  

“ဆုပ်ထားတဲ့ လက်သီးတွေကို လက်ဆွဲနှုတ်ဆက်ဖို့ အမြဲတမ်း လက်ကမ်းကြိုဆိုနေပါမယ်ဆိုတဲ့ သမ္မတ အိုဘား မားရဲ့လက် တွေဟာ မြန်မာပြည်သူတွေကို ဆက်လက်ပြီး ဆင်းရဲ ဒုက္ခခံစားရစေမယ့် ပိတ်ဆို့ပြဌာန်းမှုတွေကို လက်မှတ်ရေးထိုးခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ”ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ထားသည်။

၎င်းပိတ်ဆို့မှုအား၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်းတွင် မြန်မာပြည်၏ ထွက်ကုန် မှန်သမျှကို အမေရိကန်က“မြန်မာပြည်လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေ”ပြဌာန်း၍ ပိတ်ဆို့ ခဲ့ခြင်းဖြစ်သည်။

ယခင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ရက်ပိုင်းအတွင်း သက်တမ်း ကုန်ဆုံးတော့မည့်အတွက် ယခုကဲ့သို့ ထပ်မံတိုးမြှင့်ခဲ့ ခြင်းဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်လအတွင်းက တွမ်လန်းတော့စ် မြန်မာ့ ကျောက်မျက်ရတနာ ပိတ်ပင်ရေး အက်ဥပဒေဟု အ မည်ရသည့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် အဖိုးတန် ကျောက်မျက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် ဥပဒေ ကိုလည်း အမေရိကန် ပြည်ထောင်စုက ပြဌာန်း၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု တဆင့် တိုးမြှင့်ထားသည်။

မြန်မာ နိုင်ငံမှ ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်သည့် သခင်ချန်ထွန်းကမူ ယခုကဲ့သို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ လိုက်ခြင်းသည် တိုင်းပြည်ကို အနည်းနဲ့အများ ထိခိုက်မှုရှိကြောင်း ဧရာဝတီသို့ပြောသည်။

“ဒီလိုထိခိုက်တာဟာ အမှန်က မလုပ်ထိုက်တာ ကိုယ်ကလုပ်တဲ့အတွက် ဒီလိုလုပ်တယ်လို့မြင်တယ်၊ ဒါကြောင့်မို့ စီးပွားရေး ပိတ်ဆို့မှုတွေလုပ်လိုက်ရင် အကုန်လုံးလျှော့ပေးကြမှာပဲ ဖွင့်ပေးကြမှာပဲ ဒီလိုပဲ မြင် ပါတယ်”ဟု သခင် ချန်ထွန်းက ဆိုသည်။

သတင်းစာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ သဘောထား မှတ်ချက်များ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ၎င်းအမြင်ကို တုံ့ပြန်ဝေဖန်သော နောက်ထပ် သဘောထားအမြင် တစ်ခုထပ်မံ ထွက်ပေါ်လာခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင်“နာဂစ်အရေးအခင်း ကာလမှာ အမေရိကန် နိုင်ငံရဲ့မူဝါဒကို ချဉ်း ကပ်ပုံ အသစ်နဲ့ ပြောင်းလဲဖို့ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပေမယ့် အဲဒီတုန်းက အမေရိကန် သမ္မတ ဘုရှ်ဟာ အခွင့်အရေးကို လက်လွှတ်ပစ်ခဲ့တယ်”ဟု သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်များသည် အမေရိကန် ပြည်ထောင်စု အခြေစိုက်The Cristian Science Monitor သတင်းစာ ၌ မြန်မာ့ အရေးနှင့် ပတ်သက်ပြီး ရေးသားထားသည့် ဆောင်းပါးမှ ထုတ်နုတ်ထားခြင်းဖြစ်သည်ဟုလည်း သတင်း စာတွင် ပါရှိသည်။

စာရေးသူ Ms. Ell Gudwin သည် အမေရိကန် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်သည့် အကြံပေးအဖွဲ့“Council of Foreign Relation”မှ အဖွဲ့ဝင် တဦးဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်