စက်လှေ မီးလောင်၊ လူ ၃ ဦးသေဆုံး

E-mail Print
ယနေ့ နံနက်က ရန်ကုန်မြို့ ဓနိတော ဆိပ်ကမ်းတွင် ပုဂ္ဂလိကပိုင် ဆန်များ တင်ဆောင်လာသည့် စက်လှေတစင်း မီးလောင်ခဲ့သဖြင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း မျက်မြင် သက်သေများ အဆိုရ သိရသည်။

နံနက် ၄ နာရီခန့်က ၎င်း ပုဂ္ဂလိကပိုင် စက်လှေသည် ဓနိတော ဆိပ်ကမ်းတွင် ဓာတ်ဆီဝင် ဖြည့်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဆိပ်ကမ်းတာဝန်ရှိသူ တဦးက ပြောသည်။

ဓာတ်ဆီဖြည့်နေတုန်း စက်က ရပ်မထားတော့ မီးလောင်ခဲ့ရတာပါ” ဟု သူက ဆိုသည်။

မီးလောင်မှုကြောင့် လူ ၃ ဦးသေဆုံး၍ ၇ ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ပြီး လူတဦး ပျောက်ဆုံးနေကြောင်း ၎င်း ဆိပ်ကမ်းမှ တာဝန်ရှိသူက ဆိုသည်။

မျက်မြင်သက်သေတဦး၏ အဆိုအရ ၎င်းစက်လှေသည် နာရီဝက်အကြာ မီးလောင်ကျွမ်းခဲ့ပြီးနောက် နစ်မြုပ် သွားခဲ့သည်ဟု သိရသည်။

စက်လှေ နစ်မြုပ်အပြီးတွင် တာဝန်ရှိသူများ ရောက်လာခဲ့သည်ဟု ၎င်း မျက်မြင်သက်သေက ဆက်ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်