စားသောက်ဆိုင်များတွင် တီဗီ၊ ဗီဒီယို ပြသခွင့် လိုင်စင်လုပ်ရမည်

E-mail Print
ရန်ကုန်မြို့တွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် စားသုံးသူများ ကြည့်ရှုရန် တီဗီ၊ ဗီဒီယိုများ ပြသပေးနေခြင်းကို လိုင်စင်များဖြင့် တိတိကျကျ ဆောင်ရွက်ခိုင်းနေပြီ ဖြစ်ကြောင်း ကြားသိရသည်။

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ နှင့် တခြားသော လူအများ ၀င်ထွက်သွားလာသည့် လုပ်ငန်းများတွင် ဘောလုံး ပွဲများ၊ ရုပ်ရှင်များ ပြသနေမှုကို ယခုအခါ တရားဝင်တိတိကျကျ အခွန်ကောက်ခံမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားသည်။

“တီဗီ၊ ဗီဒီယို ပြသခွင့်လိုင်စင် အတွက် တနှစ်ကို ကျပ် ၃၀၀၀၀ ပေးရမယ်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ပြသမျှ အကုန်လုံးအကျုံးဝင်တယ်” ဟု ထိုတာဝန်ရှိသူက ပြောသည်။

အကယ်၍ အခွန်ပေးဆောင်ခြင်း မရှိပါက ဗီဒီယိုအက်ဥပဒေအရ ထောင်ဒဏ် ၃ လ နှင့် ဒဏ်ငွေ ကျပ်၂၀၀၀၀ ပေးဆောင် ရမည်ဖြစ်ပြီး ထိုဆိုင်အတွင်းရှိ စက်ပစ္စည်းများကိုလည်း သိမ်းဆည်း မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ဤ ဗီဒီယိုအက်ဥပဒေကို ၂၀၀၈ ခုနှစ် သြဂုတ်လမှ စတင်ပြဌာန်းခဲ့သည်ဟုသိရသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရန်ပုံငွေအတွက် ယခုကဲ့သို့ အလှပြင်ဆိုင်များပါ မကျန် ကောက်ခံခြင်း ဖြစ်ကြောင်းသိရပြီး ထိုအခွန်ငွေကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ပေးဆောင်ရမည် ဟုလည်းသိရသည်။

ယခင်က ဗီဒီယိုရုံများသာ ပြသခွင့်လိုင်စင်ကို လျှောက်ထားရသော်လည်း ယခုအခါ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် နှင့် အလှပြင်ဆိုင်များပါ မကျန် လိုင်စင်လုပ်ရမည်ဖြစ်ပြီး နယ်မြေခံ ရယက များနှင့် ကွင်းဆင်းစစ် ဆေးကောက်ခံ မည်ဟုလည်း သိရသည်

ယခုအခါ မြန်မာနိုင်ငံ မြို့ကြီးများရှိ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များတွင် ဘောလုံးပွဲနှင့် MRTV 4 မှ လာသော ရုပ်ရှင်များပြသခြင်းဖြင့် လူစည်ကားစေရန် ဆွဲဆောင်နေကြသည်။

ရေဒီယို၊ တီဗီ၊ ဗီဒီယို နှင့် ဂြိုဟ်တုစလောင်းများအတွက် စက်နှင့်ပတ်သက်သောလိုင်စင်များကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနတွင် ပေးဆောင်ရပြီး ယခုပြသခွင့်အတွက် လိုင်စင်ကြေးကိုမူ ရုပ်ရှင်အစည်းအရုံးတွင် သွားရောက် ပေးဆောင်ရမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်