စစ်တွေတွင် လုံခြုံရေး ပိုမို တိုးချဲ့

E-mail Print
ဆန္ဒပြပွဲများ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တော်တွင် ယခုရက်ပိုင်း အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးချဲ့  ချထားကြောင်း စစ်တွေမြို့မှ လာသော သတင်းများအရ သိရှိရသည်။

သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှု (၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့  နီးကပ်လာခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု စီရင်ချက် ချတော့မည် ဟူသော သတင်းများကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးကို ပိုမို တင်းကြပ်ထားခြင်း ဖြစ်သည်ဟု ယူဆရကြောင်း စစ်တွေမှ ဒေသခံ တဦးက ကိုခိုင်အေးထွန်းက ပြောသည်။

“ထစ်ကနဲဆို ကျနော်တို့ မြို့ မှာ လုံခြုံရေးကို တင်းကျပ်လိုက်တာပဲ၊ ဧည့်စာရင်း စစ်တာပဲ” ဟု စစ်တွေမြို့မှ ကိုခိုင်အေးထွန်းက ဧရာဝတီသို့ ပြောသည်။

၂ဝဝ၇ ခုနှစ်တွင် ရဟန်းသံဃာများ၏ ဆန္ဒပြမှု ပေါ်ပေါက်ခဲ့စဉ်က စစ်တွေမြို့တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာ အာဏာပိုင်တို့က မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲ နှိမ်နင်းခဲ့သည်။

ယမန်နှစ်က ရှစ်လေးလုံး နှစ် ၂ဝ ပြည့်မြောက်သည့် ကာလတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ဆန္ဒပြပွဲတခု ဖြစ်ပွားခဲ့သည်။ ချီတက် ဆန္ဒပြရာတွင် ပါဝင်သည့် ကိုင်းရှည်ရွာမှ မနီနီမေမြင့် အပါအဝင် လူငယ်ငါးဦးကို အာဏာပိုင်တို့က ဖမ်းဆီး ထောင်ချခဲ့သည်။

ထိုစဉ်က မြန်မာ တနိုင်ငံလုံးတွင်  တောင်ကုတ်မြို့  တမြို့တည်းသာ လူစုလူဝေးဖြင့် ချီတက်ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အာဏာပိုင်များက ယခုနှစ်တွင် ရခိုင်ပြည်နယ်မှ မြို့ ကြီးများကို လုံခြုံရေး ပိုမိုတင်းကျပ်ထားခြင်း ဖြစ်မည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

“ရဲတွေက နေရာတိုင်းမှာ မျက်စိနောက်အောင်ကို တွေ့ နေရတယ်၊ ဘုရားကြီးတို့ မြို့ လယ်ခေါင် လူစည်ရာ အရပ်တွေမှာဆို သူတို့  တွေက ကျောင်းသားတွေ၊ လူငယ်တွေ၊ ဘုန်းကြီးတွေကို မယုံသင်္ကာ မျက်လုံးတွေနဲ့ လိုက်ကြည့်နေကြတယ်၊ သူတို့က လုံခြုံရေး တင်းကျပ်လေ ကျနော်တို့ ဘဝက မလုံခြုံလေပါပဲဗျာ” ဟု စစ်တွေ တက္ကသိုလ်မှ ဆရာတဦးက ပြောသည်။

စစ်တွေတွင် လုံခြုံရေး တင်းကျပ်ထားရခြင်းမှာ ဗိုလ်ချုပ်ကြီးများ၏ လာရောက်မည့် ခရီးစဉ် ရှိသောကြောင့် ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

”ရခိုင်ပြည်နယ်မှာ လူကြီးတွေ ကိုယ်တိုင် လာပြီး နေပြည်တော်က ညွှန်ကြားချက်တွေကို လာရောက် ရှင်းလင်းတဲ့ အစည်း အဝေးတွေ ရှိလို့  အခုလို လုံခြုံရေးကို တင်းကျပ်ရတာ ဖြစ်တယ်၊ နေပြည်တော်က ညွှန်ကြားချက်တွေကို စစ်တွေတင်မက ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ် စတဲ့ အခြားမြို့တွေမှာလည်း ဆင့်ကဲ ဆင့်ကဲ လုပ်သွားဖို့  ရှိတယ်” ဟု ၎င်းက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်