ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာအလုပ်သမားများ ဒဏ်ရာရ

E-mail Print
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်တွင် ယမန်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင် လာသော ကား မတော်တဆ တိမ်းမှောက်သောကြောင့် အလုပ်သမား ၁၀ဦး ဒဏ်ရာရရှိ၍ တကွန်ပါ ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။

ကားပေါ်တွင် ယာဉ်မောင်း အပါအ၀င်  မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၉)ဦး လိုက်ပါ လာခဲ့ပြီး ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခွင့် အလုပ်သမားလက်မှတ်အတွက် ဆေးစစ်ရန် သွားရောက်ရာမှ ယခု ကဲ့သို့ ဖြစ်ပွားခဲ့ ခြင်းဖြစ် သည်ဟု ယင်းကားပေါ်တွင်လိုက်ပါခဲ့သူ ကိုဝင်းနိုင်က ဧရာဝတီသို့ပြောသည်။

ကိုဝင်းနိုင်က“ ကားဆရာက ကွေ့လိုက်တာ စီယာတိုင်ကို မထိန်းနိုင်တော့ပဲ သစ်ပင်နဲ့ ၀င်တိုက်မိတာ၊ လတ်မှတ် လုပ်တဲ့နေရာကို အသွားမှာဖြစ်တာ၊ ကျနော်ကတော့ ခေါင်းထိသွားတော့ နည်းနည်းမူးနေတယ်၊ ဆေးကုသ စရိတ်ကိုတော့ လက်မှတ်လုပ်ပေးတဲ့ ပွဲစားက ဘာမှ မပူနဲ့လို့ပြောတယ်”ဟု ဆိုသည်။

အဆိုပါ ကားမတော်တဆမှုကြောင့် အသက် ၂နှစ်အရွယ် ကလေးငယ်တဦးနှင့် အောင်မင်းထက်ဆိုသူ ၂ဦးမှာ ဒဏ်ရာပြင်းထန်သည့် အတွက် တပါကွန် ဆေးရုံမှနေ၍ ဖူးကက်ခရိုင် ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေကြောင်း ဖန်ငခရိုင်အတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော(GHRED)မှ ကျန်းမာရေးမှူး ဦးအောင်ကြည်က ပြောသည်။

ဦးအောင်ကြည်က “ဒီနေ့ ကျနော် ဖူးကက်ဆေးရုံကို ဖုန်းဆက်ကြည့်တော့ ဆေးရုံကို လွှဲလိုက်တဲ့ ၂ယောက်ထဲက အောင်မင်းထက်ရတဲ့ ဒဏ်ရာက ပြင်းတယ် လို့ပြောတယ်၊ အခင်းဖြစ်ကတည်းက အခုချိန်ထိ သတိမရသေးဘူး၊ အောက်ဆီဂျင် ပိုက်ဖြုတ်တာနဲ့ သေမယ့် သဘောမှာရှိနေတယ်လို့ ပြောတယ်” ဟု ပြောပြသည်။

ယင်းကားမတော်တဆဖြစ်ရပ်တွင် ပါဝင်သော အလုပ်သမားများ၏ အကျိုးခံစားခွင့်နှင့် ပတ်သက်ပြီး GHRED က တာဝန်ယူ ဆောင်ရွက် ပေးနေကြောင်း သိရသည်။  

“ကားမတော်တဆမှုဆိုတော့ သူတို့ကို အာမခံကုမ္ပဏီက ငွေပေးမယ့်အစီအစဉ် ရှိနေတယ်၊ အဲဒါကို ကျနော်တို့   GHRED က တာဝန်ရှိသူတဦးကဆောင်ရွက်ပေးနေတယ်”ဟု ဦးအောင်ကြည်က ဆက်ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်