ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်သည့် အမိန့်အပေါ် NLD အဖွဲ့ဝင်များ အမြင်မတူကြ

E-mail Print
ယနေ့ ချမှတ်သည့် အမိန့်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၏ သဘောထားမှာ တဦးနှင့်တဦး မတူဘဲ ကွဲပြားလျှက် ရှိကြောင်း တွေ့ရသည်။

“NLD အနေနဲ့ ကျေနပ်မှု ရှိ၊ မရှိဆိုတာ ဒီအမိန့်တွေ အားလုံးဖတ်ပြီးမှ ဆုံးဖြတ်မှာပါ။ ကျနော့် အနေနဲ့ ပြောရရင်တော့ တရားရုံးအမိန့်ကို မကျေနပ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက ယနေ့ အမိန့်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုအကြောင်းပြောရန် တွေ့ခွင့်တောင်းခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မသိခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအနေအထားအရ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ရွှင်ရွှင်လန်းလန်းရှိနေကြောင်း ပြောပြသည်။

NLD ရုံးချုပ်အတွင်းတွင် ဗဟိုကော်မတီဝင် (CEC) များ၊ အဖွဲ့ဝင်များ၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့ဝင် စုစုပေါင်း ၂၀၀ ဝန်းကျင်သည် နေပြည်တော် FM မှ နာရီဝက်တခါ ထုတ်လွှင့်နေသော သတင်းကို နားထောင်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်သည့် အမိန့်နှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထားများကို ပြောဆိုနေကြသည်။

NLD ဗဟိုအမျိုးသမီးအဖွဲ့မှ ပြောခွင့်ရှိသော ဒေါ်အေးအေးမာက “ကျေနပ်မှုတော့ မရှိဘူးပေါ့၊ ဥပဒေအကြောင်း အရဆိုရင် လွှတ်ပေးရမှာလေ၊ ခုလို ချလိုက်တယ်ဆိုတော့ စိတ်မကောင်းဘူး” ဟု ပြောဆိုသည်။

NLD အဖွဲ့ဝင်အများစုအနေနှင့် ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက် ခြင်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

NLD လူငယ်တဦးက “အန်တီ့ကို တရားသေကို လွှတ်ရမှာပါ၊ ခုလို လုပ်လိုက်တာဟာ သဘာဝလည်း မကျဘူး၊ ဥပဒေကို သူတို့လုပ်ချင်သလို လုပ်လိုက်တာလို့ ပြလိုက်တာပဲ၊ နောက်တချက်က အန်တီဟာ သူတို့ချုပ်ကိုင်တဲ့အတိုင်း နေရမယ်၊ အဲဒီလိုနေမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာကိုလည်း ကျနော် သဘောမကျဘူး” ဟု မကွေးတိုင်းမှ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသန်းဌေးကမူ ယခုကဲ့သို့ စီရင်ချက် ချလိုက်ခြင်းမှာ နှစ်ဦးနှစ်ဘက် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ကြောင်း ဆိုသည်။

“ဒါက အဆိုးဆုံး အခြေအနေကို လွန်လာတယ်ဆိုတဲ့ အနေအထားပါပဲ၊ နှစ်ဦးနှစ်ဘက် စလုံးအတွက် ကောင်းတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်လိုက်သော အမိန့်နှင့်ပတ်သက်သည့် NLD အဖွဲ့တခုလုံး၏ တရားဝင် သဘောထားကို မနက်ဖြန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေ က ဧရာဝတီသို့ ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်