ရေဒီယို သြစတြေးလျက မြန်မာဘာသာဖြင့် ထုတ်လွှင့်မည်

E-mail Print
သြစတြေးလျ အစိုးရပိုင် ရေဒီယို သြစတြေးလျက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မြန်မာဘာသာဖြင့် အသံလွှင့်ရန် စီစဉ်နေသည်။

ယင်း အသံလွှင့်ဌာနသည် ယခင်က ဘာသာစကား ၇မျိုးဖြင့် အသံလွှင့်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသ အရေးကို အဓိက ဦးတည်၍ မြန်မာ ဘာသာဖြင့် အသံလွှင့်နိုင်ပါက ဘာသာစကား ၈မျိုးဖြင့် အသံလွှင့် နိုင်ပြီ ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်က ပြောသည်။

“မြန်မာပြည်သူတွေ နိုင်ငံတကာနဲ့ ပိုအထိအတွေ့ရှိစေဖို့ ဒီရေဒီယိုက လမ်းကြောင်းသစ် ဖွင့်လှစ်ပေးမှာပါ” မစ္စတာ စမစ်က ပြောသည်။

စစ်အစိုးရသည် မြန်မာပြည်၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းကို ထိန်းချုပ်ထားပြီး နိုင်ငံသားများကိုလည်း ပြည်ပနိုင်ငံများနှင့် ရင်းနှီးထိတွေ့မှု မရှိစေရန် ကန့်သတ်ထားသည်။

အမေရိကန်အစိုးရက ထောက်ပံ့ပေးထားသည့် လွတ်လပ်သည့် အာရှအသံ (Radio Free Asia-RFA)၊ နော်ဝေ အစိုးရက ထောက်ပံ့ နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (Democratic Voice of Burma- DVB) တို့သည် မြန်မာနိုင်ငံအတွင်း လူသိများသော ပြည်ပ သတင်းဌာနများ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ တိုက်ပွဲတွင် သြစတြေးလျ နိုင်ငံသားများက တသားတည်း ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် မစ္စတာ စမစ်ကတောင်းဆိုလျက် ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်