ရှာပုံတော် မင်းသားကြီး ဇော်ဝမ်း ကွယ်လွန်

E-mail Print
နာမည်ကျော် သင်္ကြန်မင်းသား၊ ရုပ်ရှင် သရုပ်ဆောင် ဇော်ဝမ်းသည် ဗုဒ္ဓဟူးနေ့ည ၈နာရီခွဲ အချိန်ခန့်က အစာအိမ် သွေးကြော ပေါက်မှုကြောင့် ရန်ကုန်မြို့ သီရိစန္ဒာ ဆေးရုံ၌ ကုသမှု ခံယူစဉ် ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ် ရှိပြီ ဖြစ်သည်။

မင်းသားကြီး ဇော်ဝမ်းသည် ဘဝကို အပူအပင် ကင်းမဲ့စွာဖြင့် ကျော်ဖြတ်ခဲ့သည့် အနုပညာရှင် တဦး ဖြစ်ကြောင်း ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

“သူက တကယ်ကို လူချစ်၊ လူခင် များတဲ့ သရုပ်ဆောင် တယောက်ပါ၊ သူကိုယ်တိုင်ကလည်း ပျော်ပျော် ပါးပါး၊ ပေါ့ပေါ့ ပါးပါး နေသွားတာပါပဲ။ စိတ်ညစ်တယ် ဆိုတာကို မသိတဲ့ သဘောမျိုးပဲ။ သူ ကူညီစရာ ရှိရင်လည်း ကူညီတယ်၊ သူ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ယူသွားတယ်”  ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။  

ဇော်ဝမ်းသည် ရှုမဝ ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးကျော်၏ သရုပ်ဆောင် သင်တန်း တက်ရောက်ခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဇော်ဝမ်းနှင့် ခေတ်ပြိုင် အနုပညာသည်များထဲတွင် သရုပ်ဆောင် ဆွေဇင်ထိုက်လည်း ပါဝင်သည်။

“ရှုမဝရုပ်ရှင်မှာ စပြီးတော့  သူကလည်း ခေါင်းဆောင်မင်းသား၊ ကျမကလည်း ခေါင်းဆောင် မင်းသမီး လုပ်ပြီး သရုပ်ဆောင်တွေ ဖြစ်လာကြတာပေါ့နော်၊ ကျမ မြင်တာတော့ သူဟာ ဘဝကို ပေါ့ပေါ့ ပါးပါး ဖြတ်သန်းခဲ့တဲ့ အနုပညာရှင်ပါပဲ” ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က ဧရာဝတီကို ပြောသည်။

၁၉၇ဝ ပြည့်နှစ် ဒီဇင်ဘာလ က “စေလိုရာစေ”  ရုပ်ရှင် ဇာတ်ကားမှ “ကျောက်ခဲ” ဟု အမည်ရသည့် သီချင်းကို သီဆိုခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင် ဇော်ဝမ်းသည် အဆိုတော် အဖြစ်လည်း လူသိများခဲ့ကြောင်း ဆွေဇင်ထိုက်က ပြောပြသည်။

၁၉၇ဝ ပြည့်နှစ် နောက်ပိုင်း ထင်ရှား ကျော်ကြားလာချိန်တွင် ဇော်ဝမ်းသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ကြောင်း သိရသည်။  

သရုပ်ဆောင်ပညာတွင် ထူးချွန် ထင်ရှားသော်လည်း ဦးဇော်ဝမ်းသည် ကွယ်လွန်ချိန် အထိ အကယ်ဒမီဆု ဟု ထင်ရှားသည့် ရုပ်ရှင်ထူးချွန်ဆု မရရှိခဲ့ပေ။

ဇော်ဝမ်းသည် အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့သည့် နာမည်ကျော် သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။

သူသည် ရုပ်ရှင် ဗွီဒီယို ကားပေါင်း ၁၅ဝ ကျော်တွင်လည်း သရုပ်ဆောင်ခဲ့ပြီး၊ တေးစီးရီးပေါင်း ၁၅ဝဝ ကျော်တွင် ပါဝင် သီဆိုခဲ့ကြောင်း သူ၏ မိသားစုဝင်တဦးက ပြောသည်။

သူ၏ သင်္ကြန် သီချင်းများမှာ နာမည်ကျော် လူကြိုက်များခဲ့ပြီး နှစ်စဉ်၊ နှစ်တိုင်း သင်္ကြန်တေး စီးရီးများ ထုတ်ဝေ၊ သီဆိုခဲ့သည်။ “ရှာပုံတော် မင်းသားကြီး” အမည်ရ သီချင်းသည် သူ၏ သင်္ကြန်သီချင်းများထဲတွင် အထင်ရှားဆုံး ဖြစ်သည်။

သရုပ်ဆောင် ဇော်ဝမ်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် တနင်္ဂနွေနေ့တွင် ရေဝေး သုသာန်၌ သဂြိုင်္ဟ်မည် ဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်