အိမ်ခြေ ၅၀၀ ကျော် အစိုးရစစ်တပ် ဖျက်ဆီးဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

E-mail Print

ရှမ်းပြည်နယ် အလယ်ပိုင်း လဲချားမြို့နယ် အတွင်းရှိ အိမ်ခြေ ၅၀၀ ကျော်ကို မြန်မာ စစ်အစိုးရ တပ်များက လွန်ခဲ့ သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးလှုပ်ရှားနေသူများက ယနေ့ ပြော ဆိုလိုက်သည်။


အဆိုပါ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် နှင့် ရှမ်း အမျိုးသမီးရေးရာလှုပ်ရှား ဆက်သွယ် ဆောင်ရွက်ရေးအသင်း ( SWAN ) အဖွဲ့ ပါဝင်ပူးပေါင်းထားသော အဖွဲ့များက ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ စစ်အစိုးရတပ်များက အိမ်ခြေပေါင်း ၅၀၀ ကျော်အပါအ၀င် စပါးကျီများ အား မီး ရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာပေါင်း ၄၀ ခန့်ကိုလည်း အတင်းအဓမ္မနေရာပြောင်းရွှေ့ခိုင်းခဲ့သည်။ ၎င်း ရွာသူရွာ သား တစ်သောင်းကျော်ကိုလည်း မောင်းထုတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အမျိုးသမီး၊ အမျိုးသားများ အပါအ၀င် လူဦးရေ ၁၀၀ ကျော်ကိုလည်း စစ်အစိုးရတပ်သားများက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး အနည်းဆုံး ရွာသား ၃ ဦး အသတ်ခံခဲ့ရကြောင်းလည် ရေးသားထားသည်။

“ဒီလူမဆန်တဲ့ လုပ်ရပ်တွေကို သွေးအေးအေးနဲ့ အစီအစဉ်ချ လုပ်ဆောင်ခဲ့တာပါ။ စစ်အစိုးရရဲ့ စစ်ကြောင်းမှူး ကနေ အိမ်တွေကို ဓာတ်ဆီလောင်း မီးရှို့ပြီးတာနဲ့ သူတို့ရဲ့ စစ်ဌာနချုပ်ကို အိမ် ဘယ်နှအိမ်ကို မီးရှို့ပြီးကြောင်း စကား ပြောစက်နဲ့ ဆက်တိုက် သတင်းပို့တယ်”ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ဒါရိုက်တာ ဦးခမ်းဟန်ဖက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားအများစုသည် ၎င်းတို့၏ ခိုလှုံရမည့်နေရာများကို လိုက်ရှာနေကြရပြီး တချို့မှာမြို့နှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။

စစ်အစိုးရသည် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း နှင့် အလယ်ပိုင်းတွင် နေထိုင်သော ဒေ သခံ ရွာသူရွာသား ၃ သိန်းကျော်အား ရွှေ့ပြောင်းစေခဲ့ပြီး လူအများအပြားအား ထိုင်းနိုင်ငံသို့ ထွက်ပြေးစေသည့် လုပ်ရပ်နောက်ပိုင်းတွင် ပြုလုပ်သော အတင်းအဓမ္မ မောင်းထုတ်ခြင်းများအနက် ယခုကိစ္စမှာ အကြီးမားဆုံးဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းလူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက စစ်အစိုးရအား ရှမ်းပြည်သူ လူထုအပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်နေခြင်းကို ချက်ချင်းရပ်တန့်ရန် နှင့် ရွာသူရွာသားများအား ၎င်းတို့ ဌာနေသို့ ပြန်လည် နေထိုင် ခွင့်ပြုရန် တောင်းဆိုသည့်အပြင် စစ်အစိုးရက လူသားပေါ် ကျူးလွန်နေသည့် ပြစ်မှုများကို အရေးယူ ဆောင်ရွက် ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးရန်လည်း တောင်းဆိုထားသည်။

ရှမ်းအမျိုးသမီး ရေးရာမှ နန်းချမ်တောင်းက“စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကြားနာစစ်ဆေးနေချိန် ကာလအတွင်း တကမ္ဘာလုံးက သူတို့ကို စောင့်ကြည့်နေတာကို သိသိကြီးနဲ့ ဒီလိုပြစ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတာဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လုံးဝ အရေးမစိုက်ကြောင်း ပြောင်ပြောင်တင်းတင်း သရော် လိုက်တာပါ”ဟု ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်