ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် လုံခြုံရေးကောင်စီ တောင်းဆို

E-mail Print
စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အလွန်စိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ပြန် လိုက်သည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွှတ်၍ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပြုလုပ်ရန်လည်း စစ်အစိုးရကို တောင်းဆိုထားသည်။

ယခုထုတ်ပြန်တောင်းဆိုချက်သည် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ၏ ၂ ရက်နီးပါး ဆွေးနွေး ငြင်းခုန်ပြီး နောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရ အပေါ် တိကျခိုင်မာသော အရေးယူ ဆောင်ရွက်မှုမျိုးအတွက် ယခုတကြိမ်တွင်လည်း ပျက်ကွက် ခဲ့ပြန်သည်။ အနည်းဆုံး မြန်မာအစိုးရအပေါ် လက်နက်ရောင်း ဝယ်ရေး ပိတ်ဆို့ သည့် အရေးယူဆောင်ရွက်မှုမျိုးကို အများစုက တောင်းဆိုခြဲ့ခင်း မရှိပေ။

တကမ္ဘာလုံးက ဝေဖန်ရှုတ်ချနေသော ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို၍ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ချမှတ်ခြင်းကို ပြင်သစ်အစိုးရက မြန်မာစစ်အစိုးရအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုသော် လည်း လုံခြုံရေးကောင်စီအတွင်း အများဆန္ဒအရ မအောင်မြင်ခဲ့ပေ။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အများစုက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချ တရားစီရင်မှုနဲ့ နိုင်ငံရေး အကျိုး သက်ရောက်မှုတို့အတွက် အလွန်စိုးရိမ်တယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်”ဟု ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး ဂျွန် ဆွဲစ် က ပြောဆိုသည်။

ဂျွန် ဆွဲစ် သည် ယခု သြဂုတ်လ အတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဌ ဖြစ်သည်။

“မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အင်အားစုများနဲ့ တိုင်းရင်းသား ခေါင်းဆောင် များ အားလုံးပါဝင်နိုင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မှု အပေါ်ကောက်နုတ်ပြီး ဆုံးဖြတ်ကြပါတယ်”ဟု လည်း မစ္စတာ ဂျွန်ဆွဲစ် က ပြောသည်။

၂၀၀၉ ခုနှစ် မေလ ၂၂ ရက်နေ့ အပါအဝင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နှင့် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့များက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ ထုတ်ပြန်ကြေညာချက်များတွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အရေးကြီးကြောင်း ဖော်ပြထားသည်ဟုလည်း မစ္စတာ ဂျွန်ဆွဲစ် က ယခု ကြေညာချက်ကို ဖတ်ပြရာတွင်ပါရှိသည်။

“မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာတည်မြဲရေးနဲ့ နယ်မြေပိုင်နက် ဂုဏ်သိက္ခာတွေအတွက် အခိုင်အမာ ရပ်တည်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ထပ်မံ ကတိပြုပါတယ်၊ မြန်မာပြည်သူတွေရဲ့ အနာဂတ် ဟာ သူတို့ရဲ့လက်ထဲက မဆုံးရှုံးဖို့ကိုလည်း ထပ်လောင်း အတည်ပြုကြပါတယ်”ဟုလည်း ထုတ်ပြန်ချက်ကို မစ္စတာ ဂျွန်ဆွဲစ် က ဆက်လက်ဖတ်ကြားခဲ့သည်။

တချိန်တည်းတွင်ပင် ယင်း လုံခြုံရေးကောင်စီထုတ်ပြန်ချက်အပြီးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် မစ္စ ဆူဇန် ရိုက်စ်က“ဒေါ်အောင်ဆန်းစုအပေါ်အခုလို ပြစ်ဒဏ်ချတာ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းတွေ ကို ချိုးဖောက်လိုက်တာပါပဲ၊ ဒါကြောင့် မြန်မာ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရပါမယ်”ဟု မစ္စ ဆူဇန် ရိုက်စ်က ပြောသည်။

မစ္စ ဆူဇန် ရိုက်စ်က“နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်စေဖို့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးလိုက်တာပါ”ဟု လည်း ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်