စစ်အစိုးရ မီဒီယာများကို ဥရောပသမဂ္ဂ အရေးယူပြီ

E-mail Print
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရကို ယမန်နေ့က ပိတ်ဆို့ ဒဏ်ခတ်မှု တိုးချဲ့ချမှတ် ရာ အစိုးရ၏ မီဒီယာ လုပ်ငန်း ၄ ခုလည်း ပါဝင်သွားသည်။

ထို လုပ်ငန်းများမှာ သတင်းစာ၃စောင် ထုတ်ဝေနေသည့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြဝတီ ရုပ်မြင်သံကြားကို ထုတ်လွှင့်သည့် တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာန၊ မြန်မာ့ ရုပ်ရှင် လုပ်ငန်း တို့ ဖြစ်သည်။

ဥရောပသမဂ္ဂက ထိုလုပ်ငန်း ၄ ခုကို ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းတွင် ထည့်သွင်းရခြင်းမှာ စစ်အစိုးရ၏ ဝါဒ ဖြန့်ချိရေးကို ဆောင်ရွက်နေကြသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ထိုလုပ်ငန်းအဖွဲ့များကသာ စစ်အစိုးရ ဝါဒ ဖြန့်ချိရေးကို ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားများက ထောက်ပြကြသည်။

“ဗိုလ်ချုပ်တွေနဲ့ နီးစပ်သူတွေ ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေကလည်း အစိုးရအတွက် ဝါဒ ဖြန့်ချိပေးနေကြတာပဲ” ဟု ရန်ကုန်မြို့မှ စာနယ်ဇင်းသမား တဦးက ပြောသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချခဲ့ကြသည့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ၃ ဦး နှင့် အစိုးရ ရှေ့နေတို့လည်း စာရင်းတွင် ပါဝင်နေသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုသည် ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ သံတမန် ဆက်သွယ်ရေး ကန့်သတ်ခြင်း၊ နိုင်ငံခြားဘဏ် စာရင်း ပိတ်ဆို့ခြင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ မဟုတ်သည့် အထောက်အပံ့များကို ဆိုင်းငံ့ခြင်း စသည်တို့ ပါဝင်သည်။

စစ်အစိုးရ ခေါင်းဆောင်များ၊ ၎င်းတို့နှင့် နီးစပ် ပတ်သက်သူများ၏ စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထပ်မံ၍ တိုးချဲ့ ပိတ်ဆို့ဒဏ်ခတ်ခြင်း ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ်မှုကို  ၁၉၉၆ ခုနှစ်က အစပြုခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးလေ့ ရှိသည်။  ယခု တကြိမ် ပြင်ဆင်မှုမှာ လာမည့်နှစ် ဧပြီလ ၃ဝ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

အင်္ဂါနေ့တွင် စစ်အစိုးရ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ပေးခဲ့စဉ် ဥရောပသမဂ္ဂက ထို တရားစီရင်မှုကို ကန့်ကွက် လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ရန် တောင်းဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်