ပထမဆုံး မြန်မာ Hip Hop မဂ္ဂဇင်း စတင်ထုတ်ဝေတော့မည်

E-mail Print
မြန်မာနိုင်ငံမှ Hip Hop လောကသားများ သိသင့်သိထိုက်မည့် အကြောင်းအရာများကို စုစည်းပြီး The Street အမည်ရှိ ပထမဆုံး HiP Hop မဂ္ဂဇင်းတစောင်အဖြစ် စက်တင်ဘာလ ၂၀ ရက် နေ့မှစတင်၍ လစဉ်ထုတ်ဝေ တော့မည်ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်က အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ဟိန်းဇော်တို့ပါဝင်သည့် အက်ဆစ် အဖွဲ့က “စတင်ခြင်း” အမည်ရှိ တေးစီးရီးဖြင့် Hip Hop ဂီတကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့သည်။ Hip Hop ဂီတ အမျိုးအစားကို ဆယ်ကျော်သက်အရွယ်များ နှစ်ခြိုက် အားပေးကြသော်လည်း ၎င်း တေးဂီတ နှင့်ပတ်သက်၍ သိရှိရမည့် အကြောင်းအရာများကို ဂျာနယ်၊ မဂ္ဂဇင်းများ အဖြစ် သီးခြား ထုတ်ဝေခဲ့ခြင်းမရှိသေးပေ။

Hip Hop ဂီတ အမျိုးအစားသည် အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ကပ္ပလီလူတန်းစားက ၎င်းတို့၏ အဆင်မပြေ မှုများကို  သီချင်းစာသားများ အဖြစ် ပြောင်းလဲ ဖန်တီးရွတ်ဆိုခဲ့ရာမှ လူကြိုက်များလာခဲ့ခြင်း ဖြစ်သည်။  ၎င်း Hip Hop ဂီတကို လူတန်းစားမရွေး နားဆင်နိုင်ပြီး စာသားများမှာလည်း လမ်းမပေါ်ရှိ အကြောင်းအရာ အဖြစ်အပျက်များကို ကိုယ်စားပြု ဖွဲ့ဆိုကြသဖြင့် ယခု ဖြန့်ဝေမည့် မဂ္ဂဇင်းကို The Street ဟူ၍ အမည်ပေးထားခြင်းဖြစ်ကြောင်း ၎င်း မဂ္ဂဇင်းထုတ်ဝေသူတဦး  ဖြစ်သည့် Hip Hop တေးသံရှင် အာဘွိုင်းက ဧရာဝတီသို့ပြောသည်။

“မြန်မာပြည်က နောက်ပိုင်း Hip Hop လူငယ်တော်တော်များများက Hip Hop နဲ့ပတ်သက်တဲ့အတွေးအခေါ် လွဲမှား နေတာတွေရှိတယ်လေ။ အဲဒါကြောင့် သူတို့ကို ဒီမဂ္ဂဇင်းကနေပြီး နည်းနည်းပြင်ပေးတဲ့သဘောနဲ့ပါ၊ နောက်ပြီး အနောက်နိုင်ငံတွေမှာ ဒီ Hip Hop နဲ့ပတ်သက်တဲ့ မဂ္ဂဇင်းတွေ စာစောင်တွေ ရှိကြတယ်။ ကျနော်တို့မှာ ဒါမျိုးတွေက မရှိသလောက်ဆိုတော့ ကျနော်တို့ရဲ့ မြန်မာ Hip Hop ပရိသတ်ကို အနောက်နိုင်ငံက Hip Hop တွေက ဘယ်လို ဘယ်ပုံ ရှိတယ် ဆိုတာ ကိုလည်း ဗဟုသုတ ရစေချင်တဲ့ ဆန္ဒပါ”ဟု အာဘွိုင်းက ပြောသည်။

အဆိုပါ The Street မဂ္ဂဇင်းကို လူငယ် ရော့ (ခ်) စတားအဖွဲ့ဖြစ်သည့် ကျော်ထွဋ်ဆွေ၊ ထိန်ဝင်း၊ ဂျောက်ဂျက်၊ အာဘွိုင်းတို့မှ စီစဉ်ထုတ်လုပ်ခြင်းဖြစ်သည်။

၎င်း မဂ္ဂဇင်းတွင် မြန်မာနိုင်ငံမှ Hip Hop မျိုးဆက်အလိုက် အဆိုတော်များ၏ အင်တာဗျုးများ၊ နိုင်ငံတကာမှ Hip Hop အဆိုတော်များ၏ အကြောင်းအရာ သတင်းအချက်အလက်များနှင့် တင်ဆက်သွားမည်ဖြစ်ပြီး အင်တာနက် စာမျက်နှာ များတွင်လည်း ဖတ်ရှုနိုင်ရန် အတွက်ပြင်ဆင်လျက်ရှိကာ စက်တင်ဘာလကုန်ပိုင်းမှစတင်၍ ဖတ်ရှု နိုင်တော့မည် ဖြစ်ကြောင်း အာဘွိုင်းကဆက်ပြောသည်။

“ဒီလိုမဂ္ဂဇင်းမျိုးက ကျနော်တို့နိုင်ငံမှာရှိသင့်ပါတယ်၊ ဒီလို ရှိလာတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ Hip Hop လူငယ်တွေ အနေနဲ့လည်း သူတို့မသိသေးတာတွေ သိနိုင်တာပေါ့၊ နောက် ဒီမဂ္ဂဇင်းက လူငယ် Hip Hop တေးသံရှင် တွေ စည်းစည်းလုံးလုံးနဲ့ လုပ်ထားတဲ့အတွက် အားလုံးကောင်းပါတယ်” ဟု Hip Hop တေးသံရှင် ယုန်လေးက မှတ်ချက်ချသည်။

မြန်မာနိုင်ငံ၏ Hip Hop လောကနှင့် ပတ်သက်၍ ယုန်လေးက “ဒီလောက မှာ ကျနော်တို့ထက်ကောင်းတဲ့ လူငယ်တွေလည်း ရှိလာပါတယ်။ ဒါပေမယ့် တချို့တွေက Hip Hop ဆိုတာ တယောက်ယောက်ကို ပုတ်ခတ်ရမယ် လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိတယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ ဖန်တီးရမယ်လို့ ယုံကြည်နေကြတယ်၊ အဲဒါလေး တွေကို ပြင်လိုက်ရင်တော်တော် ကောင်းပါမယ်” ဟု၎င်း၏ အမြင်ကို ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်