အပိတ်ခံ စားအုန်းဆီများ မှောင်ခိုဈေးကွက်မှာ အရောင်းအ၀ယ်ပြန်ဖြစ်နေ

E-mail Print
စားအုန်းဆီ ၁၁ မျိုးကို စားသုံးရန် မသင့်ဟု ကြေညာချက် ထွက်ပြီးနောက်ပိုင်း ယခုအခါ ရန်ကုန်နှင့် တခြားမြို့ များတွင် ယင်းစားအုန်းဆီများသည် မှောင်ခိုပစ္စည်း တခုကဲ့သို့ ရောင်းဝယ် နေကြရကြောင်း သိရသည်။

ထိုင်း နှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းသည့်စားအုန်းဆီ ၁၁မျိုးသည် စားသုံးရန်မသင့်ဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီး ဋ္ဌာနမှ တားမြစ်သော ကြေညာချက် ဇူလိုင်လ၂၅ရက် နေ့က ထွက်လာပြီးနောက် မှောင်ခိုဈေးကွက်ဖြစ်သွားပြီး စားသုံးရန် သင့်လျော်သည်ဟု သတ်မှတ်ထားသော  နှမ်းဆီ ၊ ပဲဆီများလည်း ဈေးတက်သွားကာ စားသုံးသူအများစု ၀ယ်ယူရာတွင် အခက်အခဲဖြစ်နေကြာင်းသိရသည်။

“ထိုင်းပုစွန် ၂ ကောင် ဆီ ၁ လီတာ ဘူးတွေကို စားနေတာကြာပြီ၊ အရောင်လည်းလှအသုံးလည်းခံတယ်၊ အစိုးရရောင်း ပေးနေတဲ့ ကန်ဆီထက်စာရင် အများကြီး အရည်အသွေးကောင်းတယ်၊ ပဲဆီ နှမ်းဆီကလည်းဈေးကြီးတော့ မစားနိုင်ဘူး၊ စား အုန်းဆီကိုပဲ မှောင်ခိုဝယ်စားနေရတယ်” ဟု ပုဇွန်တောင်မြို့နယ်မှ စားသုံးသူတဦးက ဧရာဝတီသို့ပြောသည်။

တားမြစ်ထားသော စားအုန်းဆီများသည် ဈေးကွက်အတွင်းမှ လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ ကုန်သည်များ လက်ထဲ တွင်လည်း လှောင်ထားသော ကုန်ပစ္စည်းများရှိနေသည့်အတွက် မှောင်ခိုပစ္စည်းကဲ့သို့ တိုးတိုးတိတ်တိတ်ရောင်းချနေကြ ပြီး စားသုံးသူများအတွက်သာ ဈေးနှုန်းများ တက်လာကြောင်း သိရသည်။

“မှောင်ခိုထက်ဆိုးတယ်၊ မူးယစ်ဆေးရောင်းသလိုဖြစ်နေပြီ၊ဆိုင်ရှင်ကလည်း မျက်နှာသိမှပဲ ဆိုင်အောက်ကနေယူပြီး တိုးတိုးတိတ်တိတ် ရောင်းပေး တယ်၊ဆီပုလင်းကို သတင်းစာစက္ကူနဲ့ တထပ်၊ ကြွပ်ကြွပ်အိတ်နဲ့သေချာထုတ်ပေးတယ်၊ ဈေးလည်းပိုတက်သွားတယ်” ဟု အဆိုပါစားသုံးသူကဆက်လက်ပြောသည်။

ပိတ်ပင်ထားသော ထိုင်းနိုင်ငံ မှ စားအုန်းဆီသည် အရောင်အသွေးကြည်လင်ပြီး အေးသောရာသီဥတုတွင်လည်း ခဲသွား ခြင်းမရှိဘဲ ဦးပိုင်လီမိတက်မှ ရပ်ကွက်များ နှင့် ဈေးများတွင် ကားဖြင့်လိုက်လံရောင်းချပေးသော စားအုန်းဆီသည်အ ရောင်မှာ ညိုညစ်ညစ်ဖြစ်ကာ အောက်ခြေတွင်လည်း လက်သုံးလုံးခန့်အနယ်များထိုင်နေသည်ဟု သိရသည်။

“ယိုးဒယားဆီက အရောင်လည်းကောင်းတယ်၊ မခဲဘူး၊ အစိုးရဆီကတော့ တရက်လောက်ကြာရင် ပုလင်းအောက်ခြေမှာ အဖြူရောင်အနည်တွေကျပြီ၊ အစိုးရကတားလည်း ယိုးဒယားဆီကတော့ ဆက် စားမှာပဲ၊ ၀ယ်ရတာ တော့ခက်သွားတာ ပေါ့” ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတဦးကလည်းဧရာဝတီသို့ပြောသည်။

တားမြစ်ဆီကိုတွေ့ရှိပါကထောင်ဒဏ်သုံးနှစ် နှင့် ပစ္စည်းများကိုလည်းသိမ်းဆည်းမည်ဟုထုတ်ပြန်ထားပြီး၊ ဆိုင်ရှင်များက လည်းမရောင်းချ ပါဟု လက်မှတ်ထိုးထားရကြောင်း၊ စည်ပင်သာယာဝန်ထမ်းနှင့် ရဲများက ဈေးများထဲတွင် လှည့်လည် စောင့်ကြည့်နေကြကြောင်း သိရသည်။

ပထမအကြိမ် စားအုန်းဆီများကို လိုက်လံသိမ်းဆည်းစဉ်က ဖမ်းဆီးမိသောဆီများကိုလည်းမည်ကဲ့သို့ ဖျက်ဆီးပစ်ကြောင်း ကို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ဖမ်းထားတဲ့ဆီကို မီးရှို့တာလည်း မတွေ့ဘူး၊ ရေထဲသွန်တာလည်းမကြားဘူး၊ ဒါမှမဟုတ် ဗားကရာဆိပ်ကမ်းက ဦးပိုင်က ဆီကန်ထဲပဲသွန်ထည့်လိုက်လားတော့မသိဘူး၊ အစိုးရဦးပိုင်ကဆီကိုပိုရောင်းချင်လို့ ဒီလိုကြေညာတာဖြစ်တယ်” ဟု ဆီ လုပ်ငန်း ရှင်တဦး ကပြောသည်။

ယခုအခါ ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားအုန်းဆီများကို ကားများအောက်တွင် ဖုံးအုပ်ပြီး သယ်ယူတင်သွင်းနေရပြီး ကျန်းမာရေးနှင့်ညီညွတ်သည်ဟု စစ်အစိုးရကသတ်မှတ်ထားသော ပဲဆီ ၊ နှမ်းဆီ မှာ တပိဿာ ၃၅၀၀ကျပ် ၊ စားအုန်း ဆီတပိဿာ ၂၆၀၀ကျပ် ရှိသည်ဟုသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကကျန်းမာရေး ၀န်ကြီးဋ္ဌာန၏ အများပြည်သူစားသုံးရန်မသင့်ဟု စားအုန်းဆီများကို ပိတ်ပင်တားမြစ်ခဲ့ပြီး ဖမ်းဆီးခဲ့သော်လည်း မည်သို့မှ အစားထိုး ဖြေရှင်းပေးခဲ့ခြင်းမရှိဟု ဆီလုပ်ငန်းရှင်များက ဆိုသည်။

စစ်အစိုးရတားမြစ်ချက်မထုတ်ပြန်ခင်က ပဲဆီတပိဿာလျှင်၂၉၉၀ကျပ်၊ စားအုန်းဆီမှာ ၂၂၀၀ကျပ်ခန့်သာရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်