ဝက်တုပ်ကွေးပိုး ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိနိုင်ဟုဆို

E-mail Print
မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ ၀က်တုပ်ကွေး H1N1 ရောဂါပိုးကူးစက် ခံရဖွယ်ရှိသော လူပေါင်း ၁၀၀၀ ကျော် ရှိနိုင်သည်ဟု ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရောဂါပိုး တွေ့ရှိရသူများနှင့် တအိမ်တည်းအတူနေ မိသားစုဝင်များ၊ ရောဂါပိုးတွေ့ရှိသူများနှင့်အတူ လေယာဉ်တစီးတည်း စီးနင်းလိုက်ပါခဲ့သည့် နိုင်ငံခြားပြန်များ၊ ရောဂါပိုး ကူးစက်ခံရသူများနှင့် အတူ ကျောင်းတက်ခဲ့သော ကျောင်းသားများနှင့် လေဆိပ်ဝန်ထမ်းတချို့ မှာ H1N1 ပိုး ကူးစက်ခံရဖွယ် ရှိသည်ဟု အဆိုပါဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“သြဂုတ်လ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ ရောဂါပိုးရှိနိုင်တယ်လို့ သံသယရှိပြီး စောင့်ကြည့်ဖို့ လိုအပ်တဲ့သူ စုစုပေါင်း ၁၀၇၇ ဦးရှိတယ်၊ အားလုံးကို ဓာတ်ခွဲစမ်းသပ်ဖို့ အဆင်မပြေတော့ စောင့်ကြည့်ရုံပဲ ရှိတယ်၊ ရောဂါပိုးတွေ့ခဲ့တဲ့ သူတွေနဲ့ တအိမ်တည်းနေ မိသားစုဝင်တွေကိုတော့ အဓိက ထားပြီး စောင့်ကြည့် နေပါတယ်” ဟု ၎င်းကဆိုသည်။

သြဂုတ် ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် မြန်မာနိုင်ငံ၌ ၀က်တုပ်ကွေး ရောဂါပိုး တွေ့ရှိသူ ၂၃ ဦးရှိပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

ဝက်တုပ်ကွေး ရောဂါပိုး နောက်ဆုံးတွေ့ခဲ့သူမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် ဖျားနာလာသဖြင့် အထူးကုဆေးခန်းမှတဆင့် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကာ ၎င်း ဆေးရုံကြီး သီးသန့် လူနာခန်းတွင် ထားရှိကုသလျက်ရှိကြောင်း သတင်း ထုတ်ပြန် ထားသည်။

အဆိုပါကလေးမှာ သြဂုတ်လ ၆ ရက်နေ့က M-518 လေယာဉ်နှင့် ပြန်လည် ရောက်ရှိလာသူဖြစ်ပြီး ၎င်းနှင့် အတူနေမိသားစုဝင် ၂ ဦး၊ လေယာဉ်စီးခရီးသည် ၁၀၀၊ တက်ရောက်ခဲ့သော စာသင်ခန်းမှ ကျောင်းသူကျောင်းသား ၃၈ ဦး နှင့်လေဆိပ် ၀န်ထမ်း၁၃၁ ဦးတို့အား စောင့်ကြည့်လျက်ရှိကြောင်း ဖော်ပြထားသည်။

ယနေ့အထိ ၀က်တုပ်ကွေး H1N1 ရောဂါပိုး သံသယရှိသူပေါင်း ၁၇၆ ဦးအား ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲဌာနမှ စမ်းသပ်စစ်ဆေးခဲ့ရာ ၂၃ ဦးတွင် ရောဂါပိုး တွေ့ရှိ သည်ဟုလည်း ရေးသားဖော်ပြထားသည်။

လက်ရှိ အနေအထားအရ စောင့်ကြည့်ရမည့်သူ ၁၀၀၀ ကျော်နှင့် ပိုးကူးစက်ခံရသူ ၂၃ ဦး ရှိကြောင်း သိရသော်လည်း ရန်ကုန်မြို့တွင်း နေထိုင်သူများမှာ အဆိုပါ ရောဂါကို ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြောင်း၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက် များလည်း ပြုလုပ်သည်ကို မတွေ့ရကြောင်း အာရှတော်ဝင် အထူးကုဆေးခန်းမှ အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးတဦးက ပြောဆို သည်။

“ဆေးခန်းလာတဲ့သူတွေကို ကြည့်လိုက် ဘယ်သူမှ နှာခေါင်းစည်း တပ်မလာကြဘူး၊ လူနာကော လူနာနဲ့အတူ ပါလာတဲ့သူတွေကော ဘယ်သူမှ နှာခေါင်းစည်း တပ်လာကြတာ မရှိဘူး၊ H1N1 ရောဂါပိုးကို ကြောက်ရ ကောင်းမှန်း မသိတာလား၊ ငါတို့နိုင်ငံကတော့ ရောဂါပြီးတယ်လို့များ ထင်နေကြသလားတောင် မပြောတတ် တော့ဘူး” ဟု အဆိုပါ အထူးကုဆရာဝန်ကြီးက သုံးသပ်သည်။

မြန်မာပြည်သူများ အနေနှင့် ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေး စသည့် ကြောက်စရာ တုပ်ကွေးရောဂါများကို မကြောက်ရွံ့ကြခြင်းနှင့် ကျန်းမာရေးအသိ နည်းပါးကြခြင်းမှာ အစိုးရ၏ ပွင့်လင်းမှုမရှိခြင်းအပြင် မီဒီယာများ၏ အားနည်းချက်လည်း ဖြစ်ကြောင်း အဆိုပါ ဆရာဝန်ကြီးက ပြောသည်။

ဆေးရုံဆေးခန်းများ တွင်သာမက လူစည်ကားရာနေရာများဖြစ်သော ဘတ်စ်ကားမှတ်တိုင်များ၊ ဈေးများ၊ ရုံးများ၊ ရုပ်ရှင်ရုံများ၊ ဘူတာရုံများ စသည့်နေရာများတွင် သွားလာလှုပ်ရှားနေကြသူများမှာ ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရနိုင်သည်ကို မေ့လျော့နေကြဟန်တူကြောင်း ပြည်တွင်း ကျန်းမာရေး သတင်းဂျာနယ်မှ အယ်ဒီတာ တဦးက ဆိုသည်။

“လူတွေက မေ့နေကြပြီ၊ ဘယ်သူမှလည်း စိတ်ဝင်တစားရှိတာ မတွေ့ရတော့ဘူး။ မီဒီယာတွေမှာလည်း ကန့်သတ်ချက် ဘောင်တွေထဲကနေ လုပ်နေရတော့ စိတ်ရှိပေမယ့် မလုပ်နိုင်ကြဘူး” ဟု သူက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်