စားသုံးသူထံမှ ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတော့မည်

E-mail Print
မြန်မာနိုင်ငံအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင် ဝယ်ယူစားသုံး သူများထံမှ စားသောက်ထားသော တန်ဖိုး၏ ဆယ်ရာခိုင်နှုန်း အခွန်ကောက်ခံရန် ဆိုင်ပိုင်ရှင် များကို သက်ဆိုင်ရာ မယက မှတဆင့် ခေါ်ယူပြောကြားထားကြောင်း သတင်းရရှိသည်။

ယင်းသို့ ခေါ်ယူအသိပေးမှုများကို ယခင်လ နောက်ဆုံးအပတ်အတွင်းက စတင်လုပ်ဆောင်ခဲ့သည်ဟု ကျောက်တံတားမြို့နယ်တွင် စားသောက်ဆိုင်ဖွင့်လှစ် လုပ်ကိုင်သူ တဦးကဆိုသည်။

“စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေကို မယက ရုံးမှာခေါ်ပြောတယ်။ လာသောက်တဲ့ သူတွေ ဆီကနေ ဆယ်ရာခိုင်နှုန်း တောင်းရမယ်တဲ့။ ရောင်းလို့ ရတဲ့ ဘောက်ချာတွေ သိမ်းထားဖို့ မှာတယ်” ဟု ၎င်းကပြောသည်။

စားသုံးသူတို့၏ အခွန်ငွေများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတော်သို့ပေးသွင်းခြင်း မရှိသော စားသောက်ဆိုင်အား ကုန်သွယ်ခွန်ဥပဒေ အရ အရေးယူသွား မည်ဟု ရန်ကုန်တိုင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းသန်းက အသိပေးပြောကြားကြောင်း ဇွန်လ၂၀ ရက်နေ့ ထုတ် 7 Day News သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

စားသုံးသူ စားသောက်သွားသည့်အပေါ်တွင် ပေးရသော ကုန်သွယ်လုပ်ငန်းခွန်ကို တလတခါ မပေးသွင်းပါက အရေးယူသွားမည်ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ မသိရကြောင်း ရန်ကုန် စားသောက်ဆိုင် ပိုင်ရှင်များက ပြောသည်။

ယင်းသို့ အခွန် ကောက်ခံပါက ရောင်းသူနှင့်ဝယ်ယူသူကြားတွင် အခက်အခဲများ ရှိလာနိုင်ကြောင်း၊ မြန်မာ နိုင်ငံတွင် အခွန်ကောက်ခံခြင်းနှင့် ကျွမ်းဝင်မှု မရှိသေး၍ အချိန်ယူဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ်သည်။

ပုစွန်တောင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ တဦးက “ဒီလို အခွန် ကောက်မယ်ဆိုရင် ကျနော်တို့လိုဆိုင်တွေက ကိုယ့်အိတ်ထဲက စိုက်ဆောင်ရမှာ။ သောက်တဲ့ သူတွေက အထက်က ကောက်ခိုင်းတယ်လို့ မြင်မှာမဟုတ်ဘူးလေ” ဟုပြောသည်။

ဆိုင်ခန်းဖြင့်ရောင်းချသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအားလုံး အခွန်ဆောင်ရမည် ဖြစ်ပြီး တလ ရောင်းချရငွေ ကျပ် တသောင်းကျော် ရရှိသော ဆိုင်များအားလုံး အကျုံးဝင်ကြောင်း 7 Day News သတင်း ဂျာနယ်တွင်ဖော်ပြထားသည်။

အဆိုပါကုန်သွယ်ခွန်ကို ၁၉၉၀ ပြည့်နှစ် ကတည်းကပြဋ္ဌာန်းခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန မှ တာဝန်ရှိသူ တဦးကပြောသည်။

မန္တလေးမြို့မှ စားသောက်ဆိုင်မန်နေဂျာ တဦးက “ဒီလိုလုပ်တော့မယ်ဆို စားသုံးသူ တွေကို ကြိုတင် အသိပေး ထားဖို့ လိုလာပြီ။ တချို့နားမလည်တဲ့ သူတွေရှိတယ်”ဟု ဆိုသည်။

တခြား နိုင်ငံများတွင်မူ အခွန်တမျိုး ကောက်ခံမည်ဆိုပါက အခွန်ပေးဆောင်ရမည့် သူအတွက် အကျိုးခံစားခွင့် တမျိုး ပြန်လည်ခံစားခွင့်ရသော်လည်း မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် အခွန်ပေးဆောင်ရမှု များပြား လွန်းနေကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။

အဆိုပါသတင်း ထွက်ပေါ်ခဲ့ပြီးနောက် မည်သည့်ဆိုင်တွင်မှ သွားရောက်မစားသောက် တော့ဘဲ မိမိအိမ်တွင်သာ စားသောက်တော့မည်ဟူ၍ ရန်ကုန်မြို့တွင်း၌ ပြောဆိုနေကြကြောင်း ကြားသိရသည်။

ယခုကျင့်သုံးမည့် ကုန်သွယ် လုပ်ငန်းခွန်နှင့် ပတ်သက်၍ မြန်မာပြည်သူလူထု ကြားတွင် သိရှိ နားလည်မှု အားနည်းသေးသည်ကိုတွေ့ရသည်။

ကုန်သွယ်လုပ်ငန်းခွန်နှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင်များသည် မိမိတို့၏ မြို့နယ်အခွန်ရုံးများ တွင် စည်းမျဉ်း ၅၂ အရ ဘောက်ချာ စာအုပ်များကို တံဆိပ်ရိုက်နှိပ်ရမည်ဖြစ်ပြီး စားသုံးသူများထံမှ ရရှိသောအခွန်များအား လတလ၏ လဆန်း ၁၀ ရက်အတွင်း မြန်မာ့စီးပွားရေး ဘဏ်များတွင် ပေးသွင်းရမည် ဖြစ်သည်။

ပြေစာဖြတ်ပိုင်း (ဘောက်ချာ) သုံးလေ့မရှိသော လက်ဖက်ရည်ဆိုင်ကဲ့သို့ စားသောက်ဆိုင်များ အနေဖြင့် အခက်အခဲ များစွာရှိလာနိုင်ကြောင်း သာကေတ မြို့နယ်မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးကပြောသည်။

အခွန်ငွေပေးသွင်းမှုကို သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးဝန်ထမ်းများက လိုက်လံစစ်ဆေးမည်ဖြစ်ပြီး ကွမ်းယာဆိုင်၊ လက်သုတ်ဆိုင် စသောလုပ်ငန်းများ အတွက်လည်း ပါဝင်လာနိုင်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိ သူ တဦးကပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်