ကာတွန်း ကံချွန် ကွယ်လွန်

E-mail Print
ကာတွန်း ကံချွန်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် မန္တလေးမြို့နေအိမ်၌ အသည်း ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ ကြောင်း မိသားစုဝင် တဦးကပြောသည်။

၎င်း အသက် ၆၄ နှစ်ရှိ ကာတွန်းကံချွန်သည် အသည်း ကင်ဆာ ဝေဒနာကို လွန်ခဲ့သော မတ်လပိုင်းမှစ၍ ၆  လခန့်ခံစားခဲ့ရပြီး မန္တလေးမြို့ရှိ “နန်းတော်” အထူးကု ဆေးခန်းတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သူ၏ သားမက်ဖြစ်သူက ပြောပြသည်။

ကာတွန်း ကံချွန် မှာ အဘ  ဦးဘဌေးနှင့် အမိဒေါ်အေးရွှင် တို့မှ ၁၉၄၆ ခုနှစ် ဧပြီ ၁ ရက်နေ့က မန္တလေးမြို့ တွင် မွေးဖွား ခဲ့ပြီး ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းစသည့် မွေးချင်းညီအစ်ကို သုံးဦးရှိသည်။

ကာတွန်း ကံချွန် က“လူငယ်တွေကို အချိန်ရှိတုန်းကြိုးစားကြပါ၊ အချိန်ရှိတုန်း ကိုယ် ဝါသနာ ပါရာကို ကြိုးစားကြပါ၊ အချိန်မဖြုန်းပါနဲ့” ဟု မကွယ်လွန်ခင် ဧရာဝတီကို ပြောခဲ့ဖူးသည်။

သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မနက်ဖြန် နေ့လယ် ၂ နာရီအချိန်တွင် မန္တလေးမြို့ရှိ ကြာနီကန် သုသာန်၌ မြေမြှပ် သဂြိုင်္ဟ်မည် ဖြစ်ကြောင်း မိသားစုဝင်က ပြောသည်။ ကွယ်လွန်ချိန်တွင် သမီးတဦးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။

မကြာသေးခင်က ကာတွန်း ကံချွန်၏ တကိုယ်တော် ပန်းချီပြပွဲကို ကျင်းပခဲ့ပြီးဖြစ်ရာ ယနေ့ ထိုပွဲပြီးဆုံးသည့် နေ့၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ “ကာတွန်း ကံချွန် တကိုယ်တော်ပြပွဲ ၂၀၀၉” ဟု အမည်ပေးထားသည့် ပန်းချီ ပြပွဲကို သူ၏ဆန္ဒအရ ကျင်းပရခြင်း ဖြစ်ပြီး ပြပွဲ ခန်းမပိုင်ရှင် က အခမဲ့ခွင့်ပြုကြောင်း ကာတွန်းကံချွန်၏ တပည့်က ပြောခဲ့သည်။

သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊  ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။

သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။

ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။

သူ၏ ပထမဆုံး ကာတွန်းမှာ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း လက်ရှိ အချိန်အထိ ကာတွန်းများ ရေးသားနေဆဲဖြစ်သည်။

မန္တလေးဇာတိဖွား ကာတွန်းကံချွန်သည် ၁၉၆၃ - ၆၄ ခုနှစ်က မန္တလေး အနုပညာကျောင်းတွင် ပန်းချီ သင်တန်း တက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော် တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်