သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲ မန္တလေးမှာ ကျင်းပမည်

E-mail Print
ရန်ကုန်တွင် ကျင်းပခဲ့ပြီး ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲကို မန္တလေးမြို့၌ သြဂုတ် ၂၁ ရက်နေ့တွင် စတင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ များထဲတွင် ပါဝင်သူ ကဗျာဆရာ မင်းထက်မောင် ကပြောသည်။

ယင်းပွဲကို ဒီဇိုင်နာ စိုးဝင်းငြိမ်းက ဦးဆောင်စီစဉ်ပြီး မန္တလေးမြို့ရှိ မန်းမြန်မာ ပလာဇာ ပထမထပ်တွင် “Green Hearts Exhibition Art” ခေါင်းစဉ်ဖြင့် မနက်ဖြန်နံနက် ၁၀ နာရီအချိန်တွင် စတင်ပြသမည် ဖြစ်ကြောင်း ပွဲဖိတ်စာအရ သိရသည်။

လာမည့် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မည့် ထို ပြပွဲတွင် မန္တလေးသား ကာတွန်း၊ ပန်းချီနှင့် ဓာတ်ပုံ အနုပညာရှင် ၇၅ ဦး ပါဝင်ပြသမည် ဖြစ်သည်။

ထို အနုပညာပြပွဲ၌ ကာတွန်း အော်ပီကျယ်၊ ဦးချစ်ငြိမ်း၊ ဦးထွန်းစိန်၊ ပန်းချီ ဦးခင်မောင်သန်း၊ ဦးခင်မောင်ချစ်၊ ပန်းချီ ကျော်မိုးသာ စသည့် အနုပညာရှင်တို့ ပါဝင်ထားကြောင်းလည်း သိရသည်။

ယင်း ပြပွဲမှ ရရှိမည့် ရန်ပုံငွေကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းရှိ ကျောင်းများ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သစ်ပင်၊ ပန်းပင် စိုက်ပျိုးရေးအတွက် အသုံးပြုမည် ဖြစ်ကြောင်းလည်း ကဗျာဆရာ မင်းထက်မောင်က ပြောသည်။

ဆက်လက်၍ ၎င်းက “ ဒီပွဲကို ရန်ကုန်မှာ ပြခဲ့ပြီးပါပြီ၊ ပွဲကရတဲ့ ငွေတွေကိုတော့ ဖျာပုံ ဘက်က ကျောင်းမှာ အရိပ်ရ သစ်ပင်တွေ စိုက်ပျိုးပေးပါတယ်၊ အရိပ်ရ သစ်ပင်တွေကို ကျောင်းလေးကျောင်းမှာ စိုက်ပျိုးပြီးပါပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲကို ယခုမန္တလေး အနုပညာရှင်များ၏ ဆန္ဒအရ ဆက်လက်ကျင်းပရခြင်း ဖြစ်ကြောင်းကို ကာတွန်း အော်ပီကျယ်က ပြောသည်။ ယခုအခါ အဆိုပါပြပွဲအတွက် ကာတွန်း အော်ပီကျယ်သည်လည်း မန္တလေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ရန်ကုန်မှာလည်း ပရိသတ်တွေက သဘောကျကြတယ်၊ အဲဒီလို အောင်အောင်မြင်မြင်ဖြစ်တော့ မန္တလေးက မိတ်ဆွေတွေကလည်း တပွဲလုပ်ဖို့ ပြောတာနဲ့ လုပ်ဖြစ်တာပါ” ဟု သူကဆိုသည်။

မန္တလေးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတရားနှင့်ပတ်သက်ပြီး ကြွပ်ကြွပ်အိတ် အသုံးပြုမှု မတွေ့မြင်ရကြောင်း ၎င်းကဆက်ပြောသည်။

“အခု မန္တလေးမှာ ကြွပ်ကြွပ်အိတ်နဲ့ ပတ်သက်ပြီး တော်တော် သန့်သန့်ရှင်းရှင်း ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နေ့စဉ်သုံးနေရတဲ့ ဒီ ကြွပ်ကြွပ်အိတ် မသုံးဘူးဆိုတာကို သူတို့ကိုယ်တိုင် လိုလိုချင်ချင်ကော ဥပဒေကြောင့်ကော ကျင့်သုံးနေတာ တွေ့ရတယ်” ဟု ကာတွန်းအော်ပီကျယ်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်