ကြံ့ဖွံ့ ခေါင်းဆောင် ဗိုလ်ချုပ် ဌေးဦး ဂျပန်ရောက်

E-mail Print
ဂျပန်နိုင်ငံသို့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (ကြံ့ဖွံ့) အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးသည် ယမန်နေ့က ရောက်ရှိနေကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်သော ဗိုလ်ချုပ် ဌေးဦး ၏ ခရီးစဉ်သည် ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ အာကမတ်ဆု တာကီရှီ က ဧရာဝတီသို့ ပြောသည်။

“အဓိက အနေနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ ဖြစ်နိုင်ပါ တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်း ဗိုလ်ချုပ် ဌေးဦး၏ တပတ်ကြာ ယခုခရီးစဉ်အရ ၂ နိုင်ငံဆောင်ရွက်မှုများတိုးမြှင့်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။

“ဗိုလ်ချုပ်ဌေးဦးဟာ အစိုးရအဖွဲ့ရဲ့ တစိတ်တပိုင်း တာဝန်ရှိသူတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုကြပါတယ်၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်ဖို့ ဂျပန်အစိုးရက မျှော်လင့်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ယခု ဗိုလ်ချုပ်ဌေးဦး၏ ဂျပန်နိုင်ငံ ခရီးစဉ်သည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သွားခဲ့ပြီးနောက် ပထမ ဆုံး ခရီးစဉ်ဖြစ်သည်။

ဂျပန် သုတေသနပညာရှင် ယူကီ အာကီမိုတိုက“ဂျပန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည် ကို တရားစီရင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်အစိုးရကို စိုးရိမ်ကြောင်းပြချင်ပုံရတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာအစိုးရနဲ့က အခုအချိန်အထိ အကျွမ်းတဝင်ရှိနေသေးတယ်လေ”ဟု ပြောသည်။

ဂျပန် အစိုးရဘက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဂျပန်သတင်းထောက် ကန်ဂျီးနာဂါအိ သေနတ်မှန် သေဆုံးမှုနှင့် ပတ် သက်ပြီး ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီး မီတိုဂျီ ယာမူန လာရောက်သည့် ခရီးစဉ်သည် နောက်ဆုံး လာရောက် ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်က ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတွင်ပြုလုပ်သော အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံခြား ရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဟီရိုဖူမီ နာကာဆိုနီ တို့တွေ့ဆုံ၍ အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စ အပါအဝင် ၂၀၁၀ ခု နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ချခံရပြီးနောက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက လွန်စွာ စိတ်ပျက်မိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ရန် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သေးသည်။

ဂျန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံ တနိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့မှုအတွက် အမေရိကန် ဒေါ်လာ ၂.၉၆ ဘီလျံ ပေးလှူ ခဲ့ကြောင်း ဂျပန် တာဝန်ရှိသူ များ၏ ပြောဆိုချက်အရ သိရသည်။

ဂျပန်သတင်းထောက် ကန်ဂျီးနာဂါအိ သေဆုံးပြီးနောက် ယင်းဖွံ့ဖြိုးရေး ဆိုင်ရာ အလှူငွေများကို ဂျပန် အစိုးရက ခေတ္တ ရပ်ဆိုင်းထားခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်