ရန်ကုန်ယူနိုက်တက်အသင်းနှင့် ထိုင်းဆိပ်ကမ်း ကလပ်အသင်း ခြေစမ်းပွဲကစား

E-mail Print
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ထိုင်းဆိပ်ကမ်း ကလပ်အသင်းတို့ ယမန်နေ့က ထိုင်း နိုင်ငံ ဘန်ကောက် မြို့တွင် ခြေစမ်းကစားရာ ရန်ကုန်ယူနိုက်တက် အသင်း ၄ဂိုး-၃ဂိုးဖြင့် ရှုံးနိမ့် သွားကြောင်း သိရသည်။

ယင်းသို့ ရှုံးနိမ့်ရခြင်းသည် နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့် ဝါရင့် ကစားသမားတချို့လိုက်ပါ မကစားနိုင်သည့် အတွက် ဖြစ်ကြောင်း ဦတေဇနှင့် နီးစပ်သူ တဦးက ပြောသည်။

“အခုပွဲစဉ်တွေမှာ အရင်က ၀န်ကြီးဌာနကကစားသမားတွေမပါဘူး၊ အရင်ကကိုင်တဲ့ပတ်စ်ပို့ အစိမ်း တွေကို ပြန်ပြီး လဲလှယ်ဖို့ အခက်အခဲရှိတယ်” ဟု ၎င်းက ကဧရာဝတီသို့ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းတွင် မြန်မာ့လက်ရွေးစင် ဘဏ္ဍအခွန် ဂိုးသမား အောင်အောင်ဦး စသည့် ၀န်ကြီးဋ္ဌာနကစားသ မား ဟောင်းများပါဝင်သည်။

ယင်း ကစားပွဲ အပြီးတွင် ထိုင်း ဆိပ်ကမ်းနည်းပြ ခွန်ဆူရိုင်က“ဒီပွဲဟာ တဘက်နဲ့တဘက်ခြေမှန်းလို့မရဘူး၊ ဆိပ်ကမ်း အသင်းမှာလည်း လူသစ်တွေဆိုတော့ ကစားကွက် ကိုစမ်းသပ် နေတာ ဖြစ်တယ်” ဟု ပြောကြောင်း ထိုင်းဆိပ်ကမ်း ဘောလုံးအသင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုခြေစမ်းပွဲသည် ရန်ကုန်ယူနိုက်တက်အသင်း အတွက်ပထမဆုံး ပြည်ပတွင် ကစားသောပွဲစဉ်တခုဖြစ်ပြီး သြဂုတ်လ၂၄ ရက်နေ့တွင် ပတ္တယားယူနိုက်တက်အသင်း၊ သြဂုတ်လ ၂၆ ရက်နေ့တွင် BEC တယ်ရိုဆက်ဆနာ အသင်းနှင့် ကစားမည် ဟုသိရသည်။

ထိုင်းဆိပ်ကမ်းအသင်းနှင့် BEC တယ်ရိုဆက်ဆနာအသင်းတို့သည် ထိုင်းပရီးမီယားလိဂ်တွင် နာမည်ကြီးအသင်းများဖြစ် သည်။ ထိုင်းဆိပ်ကမ်းအသင်းတွင် မြန်မာလက်ရွေးစင်ဟောင်း အောင်ထွန်းထွန်းသွားရောက်ကစားခဲ့ဖူးသည်ဟုသိရသည်။

တယ်ရိုဆက်ဆနာ အသင်းတွင်လည်း နံမည်ကြီး ထိုင်းလက်ရွေးစင်ဟောင်း ဒူးဆစ် စသည့်ကစားသမားများကစားခဲ့ဖူးပြီး မြန်မာနိုင်ငံသို့ လည်း ခြေစမ်းပွဲများလာရောက်ကစားခဲ့ဖူးသည်။

BEC တယ်ရိုဆက်ဆနာအသင်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်စာချုပ်ချုပ်ဆိုကာ မြန်မာဘောလုံးသမား ၃ ဦးကို လည်းအငှားချထားမည်ဖြစ်ပြီး၊ အာစင်နယ်ဘောလုံးအသင်းနှင့်ချိတ်ဆက်ကာ လူငယ်ဘောလုံးသင်တန်းကျောင်း ကိုဖွင့်ရန်စီစဉ်ထားသည်ဟု သြဂုတ်လ ၁၈ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင်လည်း ဖော်ပြထားသည်။

ပြီးခဲ့သည် သြဂုတ်လ၁၉ ရက်နေ့က အိန္ဒိယ ကလပ် အရှေ့ဘင်ဂေါအသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းကစားရာတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဦးတေဇ၏ သားဖြစ်သူ ကိုပြည့်ဖြိုးတေဇမှာ ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းဥက္ကဋ္ဌဖြစ်ပြီး နည်းပြချုပ်မှာ မြန်မာ့ လက်ရွေးစင် ဘဏ္ဍအခွန်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်း ဖြစ်သည် ဟုသိရသည်။

ပြီးခဲ့သော MNL အမှတ်ပေး ချန်ပီယံဖလားတွင် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ပိုင်ဆိုင်သည့် ရတနာပုံ ယူနိုက်တက်ကို ဗိုလ်လုပွဲတွင် ရှုံးခဲ့သည့် အတွက်ကြောင့်လည်း ရန်ကုန်ယူနိုက်တက် အသင်း အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲ နေပြီး၊ အဝေးကွင်း မန္တလေးတွင် သွားရောက် ကစားသည့်အခါ လိုက်ပါ အားပေးမည့်သူများကို ပို့ဆောင်ရေး အတွက် အသင်းပိုင်ရှင် ဦးတေဇက တာဝန် ယူမည်ဖြစ်ကြောင်း၊ အားပေးသော  ပရိသတ်များ အတွက် အသင်းအင်္ကျီ တသောင်း အခမဲ့ ပေးဝေရန် စီစဉ်လျက်ရှိသည်ဟု First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်