ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဆိုင်းငံ့ရန် တရုတ်ကို တောင်းဆို

E-mail Print
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေသဖြင့် စီမံကိန်းကို ဆိုင်းငံ့ထားရန် လူ့အခွင့်အရေး အဖွဲ့တခု ယနေ့ တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ယနေ့ ထုတ်ပြန်သော “အာဏာစင်္ကြန်” ဟု အမည်ရသည့် အစီအရင်ခံစာတွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကီလိုမီတာ ၄၀၀၀ ခန့် ရှည်လျားပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သွားမည့် ပိုက်လိုင်း တလျှောက်တွင် အာဏာပိုင်တို့က စီမံကိန်းအတွက်  လုပ်အားပေး ခိုင်းစေခြင်း၊ နေအိမ်များ ပြောင်းရွှေ့ခိုင်းခြင်း၊ မြေယာများ သိမ်းယူခြင်း စသည်တို့ကို ပြုလုပ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။ ထို့အပြင် စီမံကိန်း ဧရိယာအတွင်း နေထိုင်သော ဒေသခံများ အပေါ် စစ်သားများက လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံ ကျူးလွန်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကြောင့် နှစ်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်း စီမံကိန်းကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် China National Petroleum Corporation (CNPC) က ယခုလအတွင်း စတင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

CNPC ကုမ္ပဏီက ဆောက်လုပ်ရေး၊ ပုံစံထုတ်လုပ်ရေး နှင့် လုပ်ငန်း လည်ပတ်ရေး တို့အတွက် ဇွန်လတွင် မြန်မာစစ်အစိုးရ နှင့် တရုတ် နိုင်ငံတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

နိုင်ငံတကာ ကုမ္ပဏီများနှင့် မြန်မာ ကုမ္ပဏီများကလည်း ၎င်း စီမံကိန်းတွင် ပါဝင်ခွင့် ရနိုင်ရန် အလု အယက် ကြိုးစားနေကြကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ကြိုးစားနေသည့် ကုမ္ပဏီများထဲတွင် မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ စင်္ကာပူနိုင်ငံမှ IGE နှင့် အိန္ဒိယနိုင်ငံမှ Jahind Project Ltd. တို့ ပါဝင်သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

“တရုတ်၊ တောင်ကိုးရီးယား နှင့် အိန္ဒိယ အစိုးရတွေဟာလည်း ဒီစီမံကိန်းနှင့် ဆက်စပ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်နေကြတဲ့ အတွက် ဥပဒေအရ သူတို့မှာ တာဝန်ရှိတယ်၊ အဲဒါကြောင့် ဒီစီမံကိန်းကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုနေတာ ဖြစ်တယ်”ဟု  ရွှေ သဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ဆိုသည်။

ရှမ်းပြည်နယ်ကိုဖြတ်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိမည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN)မှ နန်းချန်တောင်းက ပြောကြားလိုက်သည်။

“စစ်အစိုးရဖက်က ပိုက်လိုင်းဖောက်လုပ်မယ့် လမ်းကြောင်း တလျှောက်မှာ နေကြတဲ့ ဒေသခံ လူထုကို ကြိုတင် သတင်း ပေးထားတာလည်း မရှိ၊ တိုင်ပင်ဆွေးနွေးတာလည်း မရှိဘူး။ စစ်အစိုးရအနေနဲ့ သူတို့ စစ်တပ်တွေ ပိုပြီး တိုးချဲ့ဖို့ ပိုက်ဆံတွေ ပိုရလာမယ်၊ ပြီးတော့ မုဒိန်းကျင့်မှု၊ နှိပ်စက် ညှဉ်းပမ်းမှုတွေနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်တာမျိုးတွေကို ဆက်လုပ်နေဦးမှာပဲ” ဟု နန်းချန်တောင်းက ပြောသည်။

ပိုက်လိုင်း တည်ဆောက် ပြီးစီးပါက တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသ နှင့် အာဖရိကမှ ၀ယ်ယူပြီး သင်္ဘောဖြင့် တင်ဆောင်လာသော ရေနံများ၊ ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်မည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်