ပထမဆုံး နံရံပန်းချီပြပွဲ ရန်ကုန်တွင် ကျင်းပမည်

E-mail Print
လူငယ်များ၏ မြို့ပြဘဝ မွန်းကျပ်မှုများ၊ လူ့အဖွဲ့အစည်း၏ မွန်းကျပ်မှုများကို စိတ်ထွက်ပေါက် ပုံရိပ်တခုအနေဖြင့် ဖန်တီးသော Graffiti Art ဟုခေါ်သည့် နံရံပေါ်တွင် ရေးဆွဲသည့် ပန်းချီ ပြပွဲတရပ်ကို New Zero Art Space Gallery က ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလကုန်ပိုင်း၌ ပြုလုပ်ပြသမည်ဖြစ်ကြောင်း သိရသည်။

“လမ်းဘေး နံရံတွေပေါ်မှာ ဆေးမှုတ်တဲ့ပန်းချီက အနုပညာလှုပ်ရှားမှုတခု ဖြစ်တယ်ဆိုတာကို ပြန်ဖော်ထုတ်ချင်တာပါ” ဟု အဆိုပါပြပွဲတွင် တဦးအပါအဝင်ဖြစ်သော New Zero Art Space Gallery ၏ အရာရှိ ကိုအေးကိုက ဧရာဝတီကို ပြောသည်။

အဆိုပါ ပန်းချီပြခန်း၏အရှေ့၌ အလျားပေ ၄၀ အမြင့် ၂၅ ပေခန့်ရှိသော နံရံပေါ်တွင် ဆေးမှုတ်ကာပြသမည် ဖြစ်ပြီး   ပြခန်းပေါ်တွင် Graffiti ပုံစံရေးဆွဲထားသော ပန်းချီကားများ ပြသမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၎င်းပြပွဲတွင် ငြိမ်းချမ်းစု၊ ကောင်းစု၊ အေးကို စသည့် ခေတ်ပြိုင်ပန်းချီဆရာများ အပါအဝင် ခေတ်ပြိုင်ပန်းချီဆရာ ၂၀ ခန့်ပါဝင်ပြသမည်ဖြစ်ပြီး ယင်းကဲ့သို့ Graffiti ပြပွဲကို ၂၀၀၇ ခုနှစ်ခန့်က ပြင်သစ်ယဉ်ကျေးမှုဌာန၌ ပြသခဲ့ဖူးကြောင်း သိရသည်။

ကပ်ခွာပုံစံ၊ စာလုံးရေးခြင်း၊ ဆေးမှုတ်ခြင်း စသည်ဖြင့် နိုင်ငံတကာတွင် Graffiti Art နှင့် ပတ်သက်၍ ကျယ်ပြန့်လျက် ရှိပြီး မြို့ပြယဉ်ကျေးမှုအတွင်း ဖန်တီးခြင်းနှင့် ပြခန်းများတွင် ပန်းချီကားအနေဖြင့် ပြသခြင်း ဟူ၍ နှစ်ပိုင်း ကွဲလွဲနေကြောင်း ကိုအေးကိုကရှင်းပြသည်။ မြန်မာပြည်တွင် Graffiti ကို မြေအောက် လျှို့ဝှက် လှုပ်ရှားမှုအဖြစ် သတ်မှတ်ထားသည် ဟုလည်း ၎င်းကဆိုသည်။

အဆိုပါ Graffiti အနုပညာကို ဟစ်ဟော့ ဂီတတွင်လည်း ထည့်သွင်း ဖန်တီးမှုများ အလွန်ရေပန်းစားလျက် ရှိကြောင်း သိရသည်။

“ဒီဂျေ၊ အမ်စီဟိန်း၊ ရက်ဖီဒီ၊ ဘရိတ်ဒန့်စ်၊ ဘိဘောက်စ်၊ Graffiti တို့ဟာ ဟစ်ဟော့မှာ အဓိက ပါဝင်တဲ့ အချက်တွေဖြစ်တဲ့အတွက် Graffiti နဲ့ ဟစ်ဟော့က တမိသားစုတည်းပါ” ဟု ဟစ်ဟော့အဆိုတော် ဂျေမီက ဧရာဝတီကို ပြောသည်။

နိုင်ငံတကာတွင် ရုပ်ရှင်ဒီဇိုင်းများ၊ ကားဒီဇိုင်းဆင်သူများ၊ နံမည်ကြီး ဖိနပ် ကုမ္ပဏီများ စသည်တို့က Graffiti ဒီဇိုင်း ကိုအခြေခံ၍ ဖန်တီးလာကြကြောင်း သိရသည်။

“ကိုယ်ဖန်တီးချင်တဲ့ Graffiti ကိုဖန်တီးလိုက်ပြီးပြီဆိုရင် စိတ်ထဲမှာရှိတဲ့ မွန်းကျပ်မှုတွေကို ထွက်ပေါက်ပေးလိုက်သလို လွတ်လပ်ပေါ့ပါး သွားတယ်။ နံရံပေါ်မှာ ကိုယ်ဖန်တီးထားတဲ့ အရာကို ပြန်ကြည့်ရတဲ့ ခံစားမှုကိုကြိုက်လို့ ဒီအနုပညာ ကို လုပ်ဖြစ်တာပါ” ဟု မြန်မာပြည်တွင် ၂၀၀၃ ခုနှစ်ခန့်က စတင်၍ Graffiti အနုပညာကို ဖန်တီးနေသော ကိုသုတအေးက ဆိုသည်။

အနောက်နိုင်ငံများတွင် Graffiti မှုတ်ဆေးဖန်တီးနိုင်ရန်အတွက် ဆေးဘူးခေါင်းမှအစ ဆိုဒ်စုံရရှိနိုင်သဖြင့် အလွယ်တကူ ဖန်တီးနိုင်ပြီး မြန်မာပြည်တွင် ကားဘော်ဒီမှုတ်ဆေးနှင့်သာ ဖန်တီးရသောကြောင့် အခက်အခဲရှိကြောင်း ၎င်းက ဆက် ပြောသည်။

မှုတ်ဆေးဘူးနှင့် လက်တန်းပုံဖော်ရသော အဆိုပါ အနုပညာသည် ၁၉၇၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ စတင်ခေတ်စားလာသော အနုပညာတခု ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများနှင့် ဖန်တီးသူ၏စိတ်ခံစားမှုအစုစုကို ပေါင်းစပ်ပြီး သီးခြားအနုပညာ လက်ရာတခုအဖြစ် ပုံပြောင်းယူရာမှ Graffiti Art ဟူ၍ပေါ်ပေါက်လာခြင်းဖြစ်သည်။ ခေတ်ပြိုင်ပန်းချီ၏ လွှမ်းမိုးမှုများရှိသော်လည်း ဖန်တီးသူ၏ စိတ်ကူး ဆန်းသစ်မှု၊ မှုတ်ဆေးဘူးကိုင်တွယ်ရာတွင် ကျွမ်းကျင်မှုများကြောင့် သီးခြားအနုပညာ အမည်နာမ တခုအနေဖြင့် ရေရှည် ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်တွင် Graffiti အနုပညာမှာ ၂၀၀၀ ပြည့်နှစ်ခန့်က စတင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ကိုအေးကိုက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်