စက္ကူ လေယာဉ် ချန်ပီယံ ဂျပန်ဗီဇာ ရတော့မည်

E-mail Print
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူလေယာဉ်ပျံ ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မည့် မောင်သောင်ဒီကို ချင်းမိုင်ရှိ ဂျပန်ကောင်စစ်ဝန်ရုံးက မနက်ဖြန်တွင် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေး မည် ဖြစ်ကြောင်း သိရသည်။

Huay Sai ကျောင်းမှ ဒါရိုက်တာ ဖြစ်သူ Duangrit Ketima နှင့် ချင်းရိုင် ခရိုင် လွှတ်တော် အမတ် Tuenjai Deetes တို့နှင့် အတူ မောင်သောင်ဒီက ဂျပန်ကောင်စစ်ဝန်ရုံးသို့ ယမန်နေ့က သွားရောက်စုံစမ်းရာ ယင်းကဲ့သို့ အကြောင်းပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်စ်ပို့ သတင်းစာတွင် ရေးသားထားသည်။

ထို့အပြင် မောင်သောင်ဒီက လေ့ကျင့်မှုများကို အပြင်းအထန် ပြုလုပ်နေသည့် အတွက် ပြိုင်ပွဲဝင်ရန်အသင့် ဖြစ်နေပြီး ဂျပန်တွင် ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ သည်။

ချင်းရိုင် ခရိုင် လွှတ်တော် အမတ် Tuenjai Deetesက မောင်သောင်ဒီ၏ ဖြစ်ရပ်က ပညာရေးသည် ကောင်းမွန် သော ရလဒ်တခုကို ဖန်တီးပေးနိုင်သည့် ဥပမာကောင်းတခု ဖြစ်ကြောင်း၊ ယင်းအတွက် နိုင်ငံရပ်ခြားမှလာရောက် အလုပ်လုပ်ကိုင်ကြသော အလုပ်သမားများ အနေဖြင့် မိမိတို့ ရင်သွေးများ၏ ပညာရေးကို ဂရုစိုက်ရန် ပြောဆို ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

အသက် ၁၂ နှစ် အရွယ်ရှိ မောင်သောင်ဒီကို ချင်းမိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား မိသားစုက ထိုင်းနိုင်ငံတွင် ဖွားမြင်ခဲ့သည်။

ချင်းမိုင်မြို့ Ban Huay Sai ကျောင်းရှိ ၄ တန်းကျောင်းသား တက်ရောက် သင်ကြားနေသော မောင်သောင်ဒီ သည် စက္ကူဖြင့် လေယာဉ် အရုပ်ကလေးများ ချိုးခေါက်ရာတွင် ထူးချွန်သူတဦး ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် National Mental and Material Tenology (Mtec) က ကျင်းပသော စက္ကူလေယာဉ် ပြိုင်ပွဲတွင် သူ၏ လေယာဉ် က ၁၂.၅၀ စက္ကန့်ကြာ ပျံသန်းနိုင်သဖြင့် ပထမဆု ရရှိ ခဲ့သည်။

အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ လေတွင် ပျံဝဲနိုင်သည့် ကမ္ဘာ့စံချိန်ကို ဂျပန်အမျိုးသားတဦးက ဧပြီလတွင် ၂၇.၆ စက္ကန့် ဖြင့် စံချိန်ချိုးထားသည်ဟု သိရသည်။

မောင်သောင်ဒီကို ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူလေယာဉ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ယာယီနိုင်ငံကူး လတ်မှတ်ထုတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းသည် ထိုင်း အစိုးရ ဌာနများကို နိုင်ငံမဲ့ ကလေးများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန် အတွက် ဥပမာကောင်း တရပ်ဖြစ်ကြောင်း ထိုင်း ၀န်ကြီးချုပ်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်