ထိုင်ဝမ်ပြန် သံဃာတပါး ရန်ကုန်လေဆိပ်တွင် အဖမ်းခံရ

E-mail Print
နာဂစ် ဒုက္ခသည်များအား အကူအညီ ပေးနေသော သံဃာတပါးသည် သြဂုတ်လ (၂၉) ရက်နေ့က ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံရသည်ဟု သိရသည်။

အထိန်းသိမ်း ခံထားရသူသည် အရှင်ဃောသိတ ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံမှ မိတ်ဆွေ အလှူရှင်များထံ ရောက်ရှိနေစဉ်မှာပင် အာဏာပိုင်တို့က ရန်ကုန်မြို့ရှိ သူ၏ ကျောင်းသို့ သွားရောက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု တပည့် သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့ ကျောင်းကို ထောက်လှမ်းရေး ၁၀ ယောက်ကျော်လောက် လာပြီးတော့ ဘုန်းကြီးရဲ့ ကွန်ပျူတာနဲ့ စာရွက် စာတမ်း တချို့ ကို လာသိမ်းသွားတယ်” ဟု တပည့် သံဃာတပါးဖြစ်သူ အရှင်သုနန္ဒက ဆိုသည်။

ခရီးစဉ်တွင် ပါဝင်သော တခြား သံဃာ ၇ ပါး မှာ ထိန်းသိမ်းခံရခြင်း မရှိသောကြောင့် အရှင်ဃောသိတကို ဖမ်းဆီးခြင်းမှာ နားလည်မှု လွှဲမှားခြင်း ဖြစ်နိုင်သည်ဟု မိတ်ဆွေ သံဃာတချို့က ယူဆနေကြသည်။ သူ၏ ဘွဲ့အမည်သည် အမေရိကန်ပြည်ထောင်စုတွင် သီတင်း သုံးလျက်ရှိသည့် ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဃောသိတနှင့် တူနေသည်ဟု သိရသည်။

ထိန်းသိမ်းခံနေရသူ အရှင် ဃောသိတသည် သက်တော် (၃၅)နှစ်၊ သိက္ခာတော် (၁၅) ၀ါရပြီဖြစ်သည်။ ဓမ္မာစရိယ စာချတန်း အောင်မြင်ထားသော အရှင် ဃောသိတသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတိုက်၊ လိပ်ပြာကန်ကျောင်းတွင် တိုက်အုပ် စာချဆရာတော် အဖြစ် တာဝန်ယူခဲ့သည်။

အရှင်ဃောသိတအား ဖမ်းဆီးလိုက်သောကြောင့် စာသင်သားများအတွက် အနှောင့်အယှက် များစွာဖြစ်ပြီး သူ အကူ အညီ ပေးနေသည့် ဒုက္ခသည်များလည်း ထိခိုက်ရသည်ဟု ငါးထပ်ကြီးတိုက်မှ သံဃာများက မိန့်ကြားသည်။ အာဏာပိုင်တို့က သူ့အား မကြာမီ ပြန်လွှတ်ပေးလိမ့်မည်ဟုလည်း ၎င်းတို့က ယူဆနေကြသည်။

အာဏာပိုင်တို့က နာဂစ်ဒေသ ကူညီရေးလုပ်ငန်းတွင် ပါဝင်သည့် အရှင်ဃောသိတကို စောင့်ကြည့်နေခြင်း ဖြစ်မည်ဟု အမည် မဖော်လိုသူ သံဃာတပါးက သူ၏ အမြင်ကို မိန့်ကြားသည်။

“ထောက်လှမ်းရေးက အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့သူ မှန်သမျှကို မျက်မုန်း ကျိုးတယ်၊ ဒီကိုယ်တော်က နာဂစ်အတွက် တကယ်ကို အားကြိုး မာန်တက်လုပ်တော့ လူချစ်လူခင် များတယ်။ ပြီးတော့ နိုင်ငံရပ်ခြားက အလှူတွေနဲ့ သူ့ အလုပ်ကို ဆက်လုပ်တော့ သံသယ ၀င်တယ် မယုံဘူးပေါ့ဗျာ” ဟု အဆိုပါ သံဃာက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် သံဃာ့တပ်ပေါင်းစုက တတိယ အကြိမ် သပိတ်မှောက် ကံဆောင်ပွဲ လုပ်ရန် စီစဉ်ထားရာ ပြည်ပနှင့် အဆက်အသွယ် လုပ်သည့် သံဃာတပါးကို ထိန်းသိမ်းလိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း သူက ဆက်လက် မိန့်ကြားသည်၊

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက် အရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များရှိ  နိုင်ငံရေး  အကျဉ်းသား ၂၀၀၀ ကျော်ထဲတွင် သံဃာ ၂၃၇ ပါး ပါဝင်ကြောင်း တွေ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်