ဟစ်ပ်ဟော့ပ် အဆိုတော်များ ပါဝင်သည့် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” လာမည်

E-mail Print
ရန်ကုန်မြို့မှ လူငယ်များ၏ နေ့စဉ် ဖြတ်သန်းမှု ဘဝ ပုံရိပ်များကို ထင်ဟပ်မည့် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဟူသော ဒီဗွီဒီ ဇာတ်ကား တကား ရိုက်ကူးလျက်ရှိရာ လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော်များက ပါဝင် သရုပ်ဆောင်နေကြသည်ဟု သိရသည်။

တေးရေးတေးဆို ဒါရိုက်တာ အောင်ကိုလတ်၏ သမီး ဖြစ်သူ မီရှဲလ်က ကိုယ်တိုင် ဇာတ်ညွှန်းခွဲ၍ ဒါရိုက်တာ အဖြစ် ရိုက်ကူးနေကြောင်း သိရသည်။

“လူ့အဖွဲ့အစည်းတွေထဲမှာ ဘယ်လိုမျိုး ရုန်းကန်နေရတယ်၊ မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ တင်းကျပ်စွာ နေနေရတဲ့ လူငယ်တွေမှာ လူမှုဆက်ဆံရေး ပြဿနာတွေ ဘယ်လို ကြုံတွေ့ရတယ်၊ နောက် အဆိုးဆုံး ဖြစ်တဲ့ မူးယစ်ဆေးဝါး ပြဿနာမျိုးကို ကိုယ်မသိဘဲ ကြုံတွေ့လိုက်ရတယ်၊ အဲဒီလိုမျိုး ကြုံတွေ့လာရတဲ့အခါမှာ ဘယ်လို ဖြတ်သန်း နေထိုင်သွားရမယ် ဆိုတာကို လူငယ်တွေ သင်ခန်းစာ အနေနဲ့ သိအောင် ရိုက်ပြတဲ့သဘောပါ” ဟု ၎င်းဇာတ်ကား ဒါရိုက်တာမီရှဲလ်က ဧရာဝတီကို ပြောသည်။

အဆိုပါ ဇာတ်ကားကို လူငယ်များ သွားလေ့ သွားထရှိသော နေရာများသို့ သွားရောက်ပြီး ဇွန်လမှ စတင် ရိုက်ကူးနေသည်ဟု သိရသည်။ အောက်တိုဘာ လကုန်ပိုင်းတွင် အပြီးသတ်ရိုက်ကူးမည်ဟု မီရှဲလ်က ပြောသည်။

မီရှဲလ်သည် လူငယ်တဦး ဖြစ်သော်လည်း ဗီဒီယိုရိုက်ကူးသည့် အတွေ့အကြုံ အများအပြားရှိသူ ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ ဖခင်ဖြစ်သူ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးသည့် ကြော်ငြာပေါင်း ၅၀ ကျော်တွင် လက်ထောက် ဒါရိုက်တာ အနေဖြင့် တာဝန်ယူခဲ့ဖူးသည်။

သရုပ်ဆောင်များ အဖြစ် ဂျေမီ ၊Ontrack ၊ Cyclone ၊  MHA(Myanmar Hip Hop Association)၊ ဂျင်းနီ၊ Z.အဘောက် ၊ အမျိုးသမီး ဟစ်ပ်ဟော့ပ်အဖွဲ့ ဖြစ်သော YAK ၊ ဖြိုး စသည်တို့ အဓိက ပါဝင်သည်။

“ဒီဇာတ်ကားက လူငယ်တွေရဲ့တကယ့် သဘာဝ ဇာတ်ကားမျိုး ဆိုတော့ ဒီကဈေးကွက်နဲ့လည်း အဆင် မပြေတော့ သိပ် မရိုက်ကြဘူးလေ။ ကိုယ်က အရင်ဆုံးစွန့်စားလိုက်တာပါ” ဟု မီရှဲလ်က ဆိုသည်။

လူငယ် ဟစ်ပ်ဟော့ပ်အဖွဲ့ Ontrack ၏ “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဟူသော တေးသီချင်း ခေါင်းစဉ်ကို ဇာတ်ကားအမည် ပေးထားခြင်း ဖြစ်သည်။ ၎င်းသီချင်း နှင့်  တခြားသော ဟစ်ပ်ဟော့ပ်သီချင်း တချို့ကို ဇာတ်ဝင်သီချင်းအဖြစ် ထည့်သွင်းထားကြောင်း မီရှဲလ်က ရှင်းပြသည်။

“ဒီဇာတ်ကားရဲ့ ဒါရိုက်တာရော သရုပ်ဆောင်တွေရောက လူငယ်တွေလေ။ သရုပ်ဆောင်ရတဲ့ နေရာမှာလည်း ပေါ့ပေါ့ ပါးပါးနဲ့ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဘဝကို သရုပ်ဆောင်ထားကြတယ် ဆိုတော့ လူငယ်တွေ စိတ်ဝင်စားမယ့် ဇာတ်ကားတကားပါ” ဟု ၎င်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသော အဆိုတော် ဂျင်းနီက ဧရာဝတီကို ပြောသည်။

မီရှဲလ်သည် အနုပညာလောကသို့ မော်ဒယ်အနေဖြင့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ယခု “ရန်ကုန်မြို့မှကြိုဆိုပါ၏ ” ဇာတ်ကားသည် ကိုယ်တိုင် တာဝန်ယူ ရိုက်ကူးသည့် ပထမဆုံးသော ဇာတ်ကား ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်