တာချီလိတ်တွင် စိတ်ကြွဆေး ၃ သန်းနီးပါး ဖမ်းမိ

E-mail Print
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ နေရာ နှစ်ခုတွင် စိတ်ကြွဆေးပြား ၃ သန်းနီးပါးကို တရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်၌ မိုင်းဆတ်မှ တာချီလိတ်သို့ မောင်းနှင်လာသော ဟိုင်းလတ်ကားတစီး၏ စပယ်ယာကားဘီးအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂ သိန်း ၂ သောင်း နှင့်အတူ ကားမောင်းသူ အိုက်ညီး အပါအဝင် ၂ ဦး ကိုပါ ဖမ်းဆီး ရမိထားသည်ဟု ၎င်းသတင်းက ဆိုသည်။

အဆိုပါနေ့ ညနေပိုင်းတွင် ဟောင်လိတ်အုပ်စု ပါလျှံ (၁) ရပ်ကွက်ရှိ နေအိမ်တအိမ်တွင် ဝင်ရောက် ရှာဖွေခဲ့ရာ အိပ်ခန်းအတွင်းနှင့် ရေချိုးခန်းအိမ်သာ နံရံ အတွင်း နှစ်နေရာမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂ သန်း ၆ သိန်းကျော်နှင့်အတူ ဒေါ်ရှောက်မေ အပါအဝင် လူသုံးဦး ကိုပါ ဖမ်းဆီးရမိကြောင်း ဖော်ပြထား သည်။

အဆိုပါ အိမ်မှ စိတ်ကြွဆေးပြားများအပြင် လက်ပစ်ဗုံးတလုံး၊ ကျည်ဆံများ၊ ထိုင်းဘတ်ငွေ ၂ သိန်းကျော်၊ တရုတ်ယွမ်ငွေ ၄ ထောင်ကျော် တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သတင်းစာက ဆိုသည်။

အိမ်ရှင်ဖြစ်သူ ကိုးကန့်တိုင်းရင်းသား ဦးအိုက်ကျိုးသည် ထွက်ပြေးတိမ်းရှောင်နေပြီး သူ၏ ဇနီးဖြစ်သူ ဒေါ်ရှောက်မေ၊ အိမ်ဖေါ်ဖြစ်သူ နန်းအီနန်းနှင့် ဧည့်သည် ဒေါ်ယဉ်ရွှေတို့အား တာချီလိတ်ရဲစခန်း၌  မူးယစ်ဆေးဝါးမှု၊ တရားမ၀င်ငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးထားကြောင်း ဒေသခံ တဦးကပြောသည်။

စိတ်ကြွဆေးပြား နှင့်ပတ်သက်ပြီး သတင်းကြိုတင် ရရှိခဲ့သဖြင့် အဆိုပါအိမ်သို့ ဝင်ရောက် ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့ခံ ရဲတဦးက ပြောသည်။

တခြားသောမြို့ခံ ရဲ တဦးကလည်း “သတင်းပေးတဲ့သူရှိလို့ သွားရှာတာ။ အိမ်ထဲ ဝင်ရှာလိုက်တာနဲ့ ကုတင်အောက်မှာ တန်းတွေ့တာပဲ” ဟုပြောသည်။

နံနက်ပိုင်းတွင် လွယ်တော်ခမ်းဂိတ်၌ ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးမှာလည်း ဝ တိုင်းရင်းသားများ ဖြစ်ကြောင်း သူက ဆိုသည်။

ယခုနှစ်အတွင်း စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးလျက်ရှိရာ ယခုအခါ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်သည်။

ဇူလိုင်လကုန် ပိုင်းကလည်း မိုင်းဆတ်မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသော ဆိုင်ကယ် နှစ်စီးပေါ်တွင် ပါလာသည့် စိတ်ကြွဆေးပြား ၂ သိန်းခန့်ကို လွယ်တော်ခမ်း ကျေးရွာ အနီးတွင် ဖမ်းဆီးမိခဲ့သေးသည်။

တာချီလိတ်မြို့တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရမိမှုများ ၅ ကြိမ် ကျော်ပြီဖြစ်ပြီး လွယ်တော်ခမ်းအနီးတွင် ဖမ်းဆီးရမိမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်